Unicode.
.
.
.
.
.
.
အသုံးနှုန်းများရိုင်းပြချင်းရှိခဲ့ပါလျှင်ကြို၍တောင်းပန်ပါသည်။
.
.
.
.
.
နော်ရယ် ငယ်နဲ့အတူ ကျီစယ်ကလူပြီးချိန်တွင်တော့ မောပန်း၍အိပ်မောကျခဲ့ကျသည်။
သူ့လက်မောင်းထပ်မှာ အပြစ်ကင်းစွာအိပ်ပျော်နေသည့်ငယ်က အပြစ်ပြောစရာမရှိလောက်အောင် လှပပြီး ချစ်စရာကောင်းနေသည်။ တစ်ရက်ထပ်တစ်ရက်ပိုလှလာသည့် ငယ့်ကိုသူတစ်ကယ်ပင် စိတ်မချတော့ပါ။ ပိုပိုပြီး ချစ်လာသလို ပိုပိုပြီးလည်း ပိုင်သထက်ပိုင်လာချင်တယ် လူဆိုတဲ့အမျိုးက ရလေလိုလေ အိုတစ္ဆေလိုလူမျိုးမလား၊ သူလည်းအဲ့လိုနည်းတူ ငယ့်အပေါ်မှာအတောမသတ်နိုင်တဲ့လိုချင်မှုမျိုးနဲ့ ပိုင်ဆိုင်ချင်တယ်။ ငယ့်ကိုချစ်တယ်၊ ပိုဆိုင်ချင်တယ်၊အများရှေ့ သူကပိုင်ရှင်ဆိုတာ မဏ္ဍိုင်တပ်ပြချင်တယ်။ သူ မလွန်ပါ ချစ်စရာကောင်းလွန်းတဲ့ငယ့်ကြောင့်သူဒီလိုဖြစ်နေရခြင်းပင်။လက်မောင်းထပ်လူးလွန့်လာသည့် ငယ်က သူ့ရင်ခွင်ထဲပိုလို့တိုးဝင်ကာ ကြောင်တစ်ကောင်လိုကပ်ချွဲနေသည်။
"ငယ် မထချင်သေးဘူးလား ညနေအရမ်းစောင်းတော့မယ် ကလေးလေးရဲ့"
"အွန်း~~ငါးမိနစ်လောက်အိပ်ချင်သေးတယ်...ကိုကို"
ပါးလေးတစ်ဖက်ကို ရင်ဘတ်မှာကပ်ထား နှုတ်ခမ်းလေးကဆူနေသယောင် ဆူနေတဲ့နှုတ်ခမ်းလေးက ထွက်ကျလာတဲ့စကားသံလေးက ဗလုံးဗထွေး လေးနဲ့ နားဝင်ချိုစရာကောင်းလှသည်။
"အရမ်းနောက်ကျနေရင် ဒီနေ့ည ရုပ်ရှင်လွတ်သွားမယ်ထင်တယ် ကလေးလေးရဲ့"
နော်ရယ်ပြောလိုက်တော့ ရုတ်တရက်ဆိုသလို အိပ်မှုန်စုတ်ဖွား ရုပ်လေးနဲ့ထကာ နော်ရယ်ကိုသာ မရမကဆွဲထူနေလေသည်။ ဒီကလေးငယ် အရမ်းကြီးချစ်စရာကောင်းလာတယ်။
"ကိုကိုလည်း မြန်မြန်...ထ...ထတော့...ငယ်တို့ နောက်ကျတော့မယ်"
သူ့ရင်ဘတ်စလေးကို ဆွဲကာ လက်တစ်ဖက်ကိုလည်းဆွဲထူနေတဲ့ငယ်က အရမ်းအလောကြီးနေတဲ့ပုံစံမျိုးလိုလေး။
"ကလေးလေးဘဲ အိပ်ချင်သေးတယ်ဆို လာပါ ကိုကိုဖက်ထားပေးမယ်.....လာပါကွာ ကိုကိုလည်းအိပ်ချင်သေးတယ်"
YOU ARE READING
The love(အချစ်တို့သည်)🖤(Completed)
Romanceငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ🤗 ငယ်ကဘဝရဲ့အစမှာ မရှိခဲ့ပေမယ့် အဆုံးထိတည်ရှိနေမှာမလို့ ကိုကိုကဘဲ ပိုချစ်ပါရစေ End Date.....9/1/2022