Thank U Speech💛

272 25 24
                                    

(Unicode)

ဒီအထိ​ရောက်လာခဲ့တဲ့ သူ​တွေကို​ ပထမဆုံး​ပြောချင်တာက ​"ကျေးဇူးတင်ပါတယ်" လို့...။

စာ​ရေးရတာကို စာဖတ်တာ​လောက်ဝါသနာမထုံတဲ့ကိုယ်က မ​မျှော်လင့်ဘဲနဲ့ ဒီ fiction ​လေးကို ​ရေးဖြစ်ခဲ့ပြီး The End လို့ အဆုံးသတ်နိုင်ခဲ့ပါပြီ။ပထမဆုံး​ရေးဖူးတာ​လေးမို့ အမှားတစ်စုံတစ်ရာ၊လိုအပ်ချက်တစ်စုံတစ်ရာရှိရင် နားလည်​ပေးဖို့ ​မေတ္တာရပ်ခံချင်ပါတယ်။ဒီလို အဆုံးသတ်အထိ​ရေးနိုင်ဖို့တွန်းအား​ပေးခဲ့တဲ့ တစ်​ယောက်ချင်းစီတိုင်းကို​ကျေးဇူးတင်ပါတယ်။

ပထမဆုံး Oxygen018 နဲ့ summersnowmmmကို​ကျေးဇူးတင်ပါတယ် ။သူတို့​ကြောင့် ဒီfiction ​လေးကို​ရေးဖြစ်ခဲ့တာပါ။

ဒုတိယက​တော့ JunePeony49_20 ပါ ။စာအဖြတ်အ​တောက်​တွေ ၊စကား​ပြောနဲ့ အ​တွေး​တွေကိုကွဲ​အောင်​ရေးဖို့၊ ​နောက်ဆုံး စာလုံး​ပေါင်းသတ်ပုံ​တွေမမှား​အောင်ပါဂရုစိုက်ဖို့ ​​ပြောပေး၊ညွှန်ပြ​ပေးခဲ့တဲ့သူပါ။​ပထမဆုံး Part 39 နဲ့ review ​ပေးခဲ့တဲ့သူ​ပေါ့။​ကျေးဇူးတင်ပါတယ်ယွန်း​ရေ...။

တတိယက​တော့ raim_88 ပါ ။ဒီfiction ​လေးအလယ်အလတ်​ရောက်မှဖတ်ဖြစ်ခဲ့တဲ့သူဖြစ်​ပေမယ့် ဇာတ်လမ်းမှာ စိတ်ပါဝင်စားပြီးဖတ်​ပေးခဲ့တဲ့သူပါ။comment တစ်ခုချင်းစီတိုင်းအတွက်​ကျေးဇူးတင်ရပါတယ်...။

စတုတ္ထ အ​နေနဲ့​တော့ RL ထဲထည့်​ပေးခဲ့ကြတဲ့သူ​တွေပါ။​စျေးဗန်းသိပ်မခင်းဖြစ်တဲ့ ကိုယ့် fic ​လေးကို ဆက်​ရေးဖြစ်ဖို့ RL ​တွေကလည်း တွန်းအားတစ်ခုပါ။​ကျေးဇူးတင်ပါတယ် ဖတ်ပြီးရင် အ​ရေးအသားနဲ့ပတ်သတ်လို့ဖြစ်​စေ ၊ ဇာတ်လမ်းနဲ့ပတ်သတ်လို့ဖြစ်​စေ အဆိုးအ​ကောင်းဘာပဲဖြစ်ဖြစ် ​ဝေဖန်​ပေးခဲ့ကြပါအုန်း​နော်။စောင့်​မျှော်လျက်ပါ...။

ဒီဇာတ်လမ်းနဲ့ပတ်သတ်လို့ ​ကျောက်​တော်မဟာမြတ်မုနိဘုရားသမိုင်း​​ကြောင်းကို  ရခိုင်မဟာမုနိဘုရားသမိုင်း-ထွန်း​ရွှေခိုင်(မဟာ၀ိဇ္ဇာ) စာအုပ်က​နေ ကိုးကားတင်ပြခြင်းဖြစ်ပါတယ်ရှင်။​နောက်တစ်ခုက ဒီထဲမှာ​ဖော်ပြထားတဲ့ ရခိုင်မြို့တချို့ရဲ့ ဖြစ်တည်လာပုံသမိုင်း​ကြောင်းပါ ။ဒါကို​တော့ ကြားဖူးနားဝရှိတာအချို့နဲ့ fb page,ရခိုင်သတင်းစုံ​တွေက​နေ ​လေ့လာပြီး​ရေးသားထားခြင်းဖြစ်ပါတယ်။ခရီးသွားအဖြစ်အပျက်​တွေကို​တော့ ကိုယ်သွားခဲ့တုန်းကအ​တွေ့အကြုံကိုပြန်လည်​အောက်​မေ့ပြီး​ရေးထားတာပါ။ကျန်တဲ့ ဇာတ်လမ်း၊ဇာတ်ကွက်​တွေက ကိုယ့်စိတ်ကူးသက်သက်ပါ...။

If I were a BOY . . . [Completed]Where stories live. Discover now