Part 30

220 31 6
                                    

(Unicode)

"မာမီ"

"သမီး​လေး"

ဝမ်းနည်းဆို့နင့်​နေတဲ့အသံနဲ့ အံ့ယွန်းကိုပြန်​ခေါ်လာတဲ့မာမီဟာ တစ်ပတ်ဆယ်ရက်အတွင်းမှာတင်ရှိရင်းစွဲအသက်ထက်အိုစာသွားသလိုထင်ရသည်။မိတ်ကပ်မပါ၊နှုတ်ခမ်းနီမရှိ၊​ထောင်ဝတ်စုံအဖြူနဲ့မာမီဟာ ​ဖျော့​တော့​တော့နဲ့အရင်တုန်းကမာမီနှင့်လားလားမျှမသက်ဆိုင်သူပမာ။

"ဘယ်လိုဖြစ်ရတာလဲမာမီရယ်"

သံတိုင်ကြားကမာမီလက်ကိုဆုပ်ကိုင်ကာ​မေး​တော့​​ခေါင်းသာတွင်တွင်ခါရမ်းပြ​လေ၏။

"ဒယ့်ဒီကို​ပြော​တော့မာမီသုံး​နေတာမဟုတ်ဘူးဆို။ခု​ပစ္စည်းလက်ဝယ်နဲ့ဘာလို့မိရတာလဲ။မာမီ အံ့ယွန်းကို... မဟုတ်ဘူးဖွားကို​တောင်ထည့်မတွက်​ခဲ့ဘူးလားမာမီရယ်"

ဖွားနာမည်ကြား​တော့မျက်ရည်များက မာမီ့ပါးပြင်​ပေါ်​မှာနေရာယူလာ​တော့သည်။

"သမီး ဖွား ဒီကိစ္စ မသိ​သေးဘူးမလားဟင်"

"မာမီထင်လား။မာမီထင်လားလို့"

အံ့ယွန်းအသံနည်းနည်းကျယ်သွားမိသည်။ဘယ်​လောက်ဘဲတရားစခန်းဝင်​နေတယ်​ပြော​ပြော လူသတင်းလူချင်း​ဆောင်ဆိုသလိုဖွားသိသွားခဲ့​လေသည်။သမီးစိတ်​ကြောင့်ဘဲ ဖွားကအိပ်ရာထဲလဲ​တော့သည်။

"ဖွား​နေမ​ကောင်းဘူး"

"မာမီ့မှာတောင်းပန်ပါတယ်အပြင် ​ပြောစရာစကားမရှိဘူးသမီး။သမီးရဲ့ဖွားကို မာမီ့အစားဂရုစိုက်​ပေးပါ"

"မာမီ လွမ်းတယ်မာမီ အဟင့်...ဟင့်။မာမီ့အတွက် အပြစ်​လျော့​ပေါ့​အောင် ဒယ်ဒီစီစဥ်​နေတယ်​နော်။မာမီကျန်းကျန်းမာမာ​နေရမယ်​နော်"

ဘယ်လိုပဲကိုယ်ကစိတ်မ​ကောင်း၊ဝမ်းနည်း​နေပါတယ်​ပြော​ပြော မာမီ့ရင်တွင်းကခံစားချက်ကို​တော့မှီမယ်မထင်​ပေ။

"သမီးဒယ်ဒီ​ရော"

"ကိုယ် စခန်းမှူးကြီးနဲ့စကား​ပြော​နေလို့ပါ။ထိုက်အဆင်​မပြေမှန်းသိလို့ ကိုယ်သီးသန့်ပြင်ဆင်တာမျိုးလုပ်​ပေးဖို့​တောင်းဆိုခဲ့တယ်။ထိုက် အမြန်အပြင်ထွက်နိုင်​အောင်ကိုယ်ကြိုးစား​နေတယ်​နော်"

If I were a BOY . . . [Completed]Where stories live. Discover now