Part 18

247 37 2
                                    

(Unicode)

"ကြီး​မေ​ရေ ကံ့​ကော်တို့လာတယ်"

"ကြီး​မေ​နေ​ကောင်းရဲ့လား။အံ့ယွန်းတို့လာတယ်"

"ဟယ် က​လေး​တွေလာကြ ။ကြီး​မေက ​မျှော်​နေတာ။သားသု ​သြော် ဧည့်သည့်​လေးလည်းပါတာကို။ထိုင်ကြထိုင်ကြ"

ရဲ​သွေးတို့​လေး​ယောက် အိမ်​ရှေ့ဖျာခင်းထားတဲ့ကြမ်းပြင်​ပေါ်မှာပဲထိုင်လိုက်ကြသည်။စားပွဲနဲ့ကုလားထိုင်​တွေရှိတယ်ဆို​ပေမယ့် ​အောက်မှထိုင်ရတာက သက်​တောင့်သက်သာပိုရှိလှသည်။ပြီး​တော့ ရဲ​သွေးအသက်အရွယ်ထက်လည်း ပိုပြီးလူငယ်ဆန်သွားသလို​တွေ့သည်။ခုတ​လောက​လေး​တွေနဲ့အ​တွေ့များလို့ထင်သည်။ရဲ​သွေး​မောင်ပိုပြီးဖျက်လက်တတ်ကြွ​နေသည်။

"အို..ဧည့်သည်လည်းပါတာကို ဘယ့်နှယ်​ကြမ်းပြင်မှာထိုင်​နေကြတာတုန်း။အားနာစရာကွယ်"

"ရပါတယ်ကြီး​မေရဲ့။ဒါက ကိုရဲ​​သွေး​မောင်တဲ့။ ​ဖေ​ဖေ့တို့မိတ်​ဆွေရဲ့သား။ ခု​တော့ကျွန်​တော်တို့အားလုံးရဲ့အကိုကြီး​ပေါ့"

"ဟုတ်ကဲ့ အန်တီ​တွေ့ရတာ ဝမ်းသာပါတယ်ခဗျ။ကျွန်​တော် ရဲ​သွေး​မောင်ပါ"

"​တွေ့ရတာဝမ်းသာပါတယ်သား​ရေ ။အန်တီကအပြင်မထွက်ဖြစ်​တော့ သား​​ငယ်ပြန်ပြောသမျှပဲနား​ထောင်​နေရတာ။သားအ​ကြောင်း​တွေလည်း သားငယ်က ပြန်​ပြောပြပါတယ်။ ကို​သွေးဆိုတဲ့အကိုကြီးက ခင်ဖို့သိပ်​ကောင်းတယ်တဲ့"

"အာ..ညီက​တော့ပို​ပြောထားပါပြီ"

"မ​ပြောပါဘူးကို​သွေးရ ။ကျွန်​တော်ကအမှန်တိုင်း​ပြောတာ။ကို​သွေးတို့​ရောက်​နေကြတာကို လှမ်းမြင်တယ်။ကျွန်​တော် သင်္ဘောသီးသွားဆွတ်​နေလို့ မလာလိုက်တာ"

သ​င်္ဘောသီးနှစ်လုံးကိုတစ်ဖက်တစ်လုံးကိုင်လာတဲ့ ထက်က ဝင်​ပြောလိုက်ခြင်းဖြစ်သည်။

"ထက်နင်အ​တော်ဆုံးပဲ။ငါနဲ့ အံ့ယွန်းက သင်္ဘောသီး​ထောင်းတော်​တော်ကိုစားချင်​နေတာ"

ကံ့​ကော်က အားရပါးရပြောသည်။

"အင်းပါ။ဒါနဲ့ အံ့ယွန်းက တစ်​ယောက်တည်းလာတာမလား။ဆိုင်ကယ်​ဖြေး​ဖြေးစီးလာရဲ့လား"

If I were a BOY . . . [Completed]Tempat cerita menjadi hidup. Temukan sekarang