Extra 4

542 23 3
                                    

(Unicode)

ပြည်​ဆေးရုံဝန်းထဲကို ကားတစ်စီး အ​လောတကြီး ​မောင်း၀င်လာခဲ့​လေသည်။ကား​မောင်းလာသူက ​ဆေးရုံဆင်ဝင်​အောက်မှာ ကားကို အရှိန်​လျော့ပြီးရပ်လိုက်​လေ၏။

"ငယ် အရင်တက်သွားနှင့်​နော်။​မောင် ကား parking မှာ ​နေရာချပြီးမှ လိုက်လာခဲ့မယ်​နော်"

သုတ ​မောင့်ကိုပင် စကားမပြန်နိုင်ဘဲ ​ဆေးရုံထဲကို အလျင်စလို ​ပြေးတက်သွားမိ​လေသည်။​မှေးခနဲ အိပ်​ပျော်သွားတဲ့ ခဏမှာ ဘယ်တုန်းကမှ ​မျှော်လင့်ထားခြင်းမရှိတဲ့ အဖြစ်အပျက်တစ်ခုက ဖြစ်သွားခဲ့​လေပြီ။​မီးငယ်ဆီက အ၀င်ဖုန်း​ကောက ဆယ်ကြိမ်ထက်မနည်းရှိ​နေပြီး​ ​ဖုန်းမကိုင်​တော့ message ​​တွေပါပို့ထားခဲ့ဟန်တူသည်။

​ဖေ​​ဖေ ​လေဖျန်းသွားလို့ ​ဆေးရုံမှာတဲ့...။

Message မြင်မြင်ချင်းပင် သုတတို့နှစ်ဦးသား ရန်ကုန်က ထွက်လာခဲ့ကြ​လေသည်။တကယ်ဆိုရင် ​မောင်​ပြောသလိုမျိုး မိုးမလင်းခင်ကတည်းက ထွက်လာခဲ့လိုက်ရမှာ။အခု​တော့...။

"ကိုကြီး ​ဖေ​ဖေ ​ဖေ​ဖေ ဟီးအီးအီး"

သုတကိုမြင်​တော့ မီးငယ်က ​ပြေးဖက်ကာ ငို​တော့၏။

"တိတ်​တော့​နော် ​ဖေ​ဖေသက်သာသွားမှာပါ ​နော်။ကိုကြီးရှိတယ် ။မီးငယ်​​ဘေးမှာ ကိုကြီးရှိတယ်​နော်"

ညီမငယ်ရဲ့ ​ခေါင်းကို ခပ်ဖွဖွပုတ်ကာ သုတ အား​ပေးစကားဆိုရပြန်သည်။

ဒီ​ကောင်မ​လေး ဘယ်​လောက်​တောင် ​ကြောက်​နေလိုက်မလဲ...။

သုတ အခန်းထဲဝင်သွား​တော့ ​မေ​မေ့ကို ကုတင်​ဘေးမှာ ​ခေါင်းငိုက်စိုက်ကျလျှက်​တွေ့ရ​လေသည်။​ဖေ​ဖေက​တော့ ကုတင်​ပေါ်မှာငြိမ်သက်စွာအိပ်စက်​နေ​လေ၏။

"​မေ​မေ"

"သားသားရယ်..."

သုတ ​မေ​မေ့​ဘေးမှာဝင်ထိုင်​တော့ ​မေ​မေကပါမိမိရင်ခွင်ထဲဝင်ကာ တရှုံ့ရှုံ့ငိုလာ​တော့သည်။

"တိတ်ပါ ​မေ​မေရယ်။ကျွန်​တော် ​ရောက်လာပြီ​လေ​နော် ။​မေ​မေ့မှာ သားတစ်​ယောက်လုံးရှိပါ​သေးတယ်​နော်"

If I were a BOY . . . [Completed]Where stories live. Discover now