Final

1K 40 42
                                    

(Unicode)

"ငယ် ..."

"​မောင် လွမ်း​နေခဲ့တာ..."

ရဲ​သွေး ​အောက်​မေ့တမ်း​တ​နေရသူကို ရင်မှာပိုက်​ထွေးထားဖို့လျာ ​ရှေ့ကို​ခြေတစ်လှမ်းတိုးလိုက်​ပေမယ့် ​ခြေတစ်လှမ်း​နောက်ဆုတ်သွားတဲ့ ချစ်ရသူ​ကြောင့် သူ့ရဲ့လှမ်းလက်စ​ခြေလှမ်းတို့ တုံ့ဆိုင်းသွားရ​တော့သည်။

"အဟမ်း"

"ငယ်..."

သုတဆီမှာ ​ချောင်းဟန့်သံနဲ့အတူ ရဲ​သွေးရဲ့ မယုံကြည်နိုင်စွာ​ခေါ်လိုက်တဲ့ အသံက​ရှေ့ဆင့်​နောက်ဆင့်ထွက်​ပေါ်လာ​လေသည်။

မတည်မငြိမ်ဖြစ်​နေတဲ့ချစ်ရသူရဲ့မျက်ဝန်းရိပ်အချို့​ကြောင့် ရဲ​သွေးအ​ခြေအ​နေအရပ်ရပ်ကိုရိပ်စားမိ​တော့သည်။သူတို့က က​လော view point ကို​ရောက်​နေတာဖြစ်သည်။သူတို့​ဘေးခပ်လှမ်းလှမ်းမှာလည်း အမှတ်တရဓါတ်ပုံရိုက်​နေကြတဲ့ ခရီးသွားအချို့ကို​တွေ့ရ​သည်။နှစ်​ယောက်သားတိုင်ပင်စရာမလိုဘဲ လူ​တွေနည်းနည်းရှင်းသွားတဲ့အချိန်ကို တိတ်တဆိတ်ပင်​စောင့်​​နေလိုက်ကြသည်။

သုတ သူ​နဲ့​ဘေးချင်းယှဥ်ကာရပ်​နေတဲ့ ​မောင့်ကို တစ်ချက်တစ်ချက် ခိုးပြီးကြည့်လိုက်မိသည်။အနည်းငယ် ​ထင်းသ​​ယောင်ဖြစ်​နေတဲ့ ပါးရိုး​ကြောင့် ဒီလူကြီးအရင်ကထက်ပိုပိန်​နေ​ကြောင်းသိ​တော့သည်။လက်ဖျံမှာ​ပေါ်​နေတဲ့ အ​ကြော​စိမ်းတချို့​က သိသိသာသာကိုပိန်ကျသွား​ခြင်းကို ကိုယ်စားပြုသည်။ဒီလိုအ​ခြေ​နေမျိုးကို ခဏခဏအိပ်မက်မက်ခဲ့ဖူး​ပေမယ့် လက်​တွေ့ကြုံရ​တော့ ဘယ်လိုစကားစ​ပြောရမယ် သူမကြံတတ်​ပေ။ထို့အပြင် သူဆုံးဖြတ်ထားတဲ့အတိုင်း တုံ့ပြန်နိုင်ပါ့မလားရယ်လို့ စိတ်ကစိုးရိမ်​သောကဖြစ်​​နေရပြန်သည်။

ဘာအ​ကြောင်း​ကြောင့်နဲ့ပဲဖြစ်ဖြစ် သူက​တော့ သူဆုံးဖြတ်ထားသည့်အတိုင်း လက်​တွေ့လုပ်​ဆောင်မှာပင်...။

ရဲ​သွေးချစ်ရသူကို ​ပေါ်တင်ပင်​ငေးကြည့်လိုက်သည်။ဒီ​ကောင်​လေး သူ့ကိုခိုးကြည့်​နေသည်ကိုလည်း သူသိသည်။မ​တွေ့တာကြာပြီဖြစ်တဲ့ သူ့ရဲ့ကြင်နာသူက ပိုပြီးရင့်ကျက်​နေတယ်ဆိုတာကို စိမ်းညို့ညို့​တောင်တန်း​တွေကို​ငေးကြည့်​နေတဲ့ မျက်ဝန်း​တွေကတဆင့် မြင်​တွေ့​နေရသည်။အချိန်ကာလ ၃ နှစ်အကြာမှာပြန်​တွေ့​ရတဲ့ ငယ်က ပိုပြီး manly ဖြစ်​နေသလိုပင်။ဘယ်​လောက်ပဲ လူကြီးဆန်​နေပါ​စေ သူချစ်ရတဲ့ငယ်က​တော့ သူ့အတွက်ဘယ်အချိန်မဆို က​လေး​လေးတစ်​ယောက်လိုသာ...။

If I were a BOY . . . [Completed]Donde viven las historias. Descúbrelo ahora