Extra 2

300 20 10
                                    

(Unicode)

"ယ​ကေ သီဟ အကိုပြန်ဖို့ဗျာလ်"
(ဒါဆိုရင် အကိုပြန်​တော့မယ်​ သီဟ)

"ဟုတ်ပါ​ရေ။စိတ်ချအကိုး ​မောင်​ အေလ မကုန်ခင် အပီး​​ရေး​ပေးပါ​မေနန်း။​ကျေးဇူးတင်ပါ​ရေ"
(ဟုတ်ကဲ့ အကို စိတ်ချပါ။ကျွန်​တော် ဒီလမကုန်ခင်အပြီး​ရေး​ပေးမယ်​နော်။​ကျေးဇူးတင်ပါတယ်)

ထက် customized software အ​သေးစား​လေးတစ်ခု လာအပ်တဲ့ ဧည့်သည်ကိုအိမ်​တံခါးဝအထိ လိုက်ပို့ပြီး​တော့ သူ့အလုပ်ခန်း​လေးထဲကိုပြန်ဝင်လာလိုက်​လေသည်။

​ကျောင်းမပြီးခင်ကတည်းက အလုပ်လုပ်​နေတဲ့ ထက်က အခုဆိုရင် freelance programmer တစ်​ယောက်အ​နေနဲ့ စစ်​တွေမြို့မှာ ထိုက်သင့်တဲ့​နေရာတစ်ခုကိုရ​နေပြီဖြစ်သည်။ပြည်က​နေ ​​ကျောင်း​ပြောင်းလာပြီးကတည်းက သူဟိုကိုမပြန်ဖြစ်တာ ၄ နှစ်ရှိခဲ့​လေပြီ။ဦး​လေးဖြစ်သူက photographer ဖြစ်သည့်အပြင် လူပျိုကြီးပီပီ နယ်တကာကို လှည့်ကာသွား​နေသူဖြစ်တာ​ကြောင့် ထက်လည်း ​ကျောင်းပိတ်တဲ့ကာလ​တွေမှာ ဦး​လေး​နောက်ကိုပတ်လိုက်​နေတာ​ကြောင့်​​ ပြည်ကိုမပြန်ဖြစ်ခြင်းဖြစ်သည်။

ပြီး​တော့ သူ သွားရင်​တောင် ကြို​နေမယ့်သူမရှိဘူးမလား....။

"သတိရတယ် ကံ့​ကော်ရယ်။ငါနင့်ကိုအရမ်း သတိရတာပဲသိလား"

ထက် ဖုန်း wallpaper ​ပေါ်က​ကောင်မ​လေးကိုကြည့်ကာ ခပ်တိုးတိုးဆိုလိုက်၏။

သူ စစ်​တွေကို​ရောက်​နေခဲ့တဲ့ ဒီနှစ်​တွေအတွင်းမှာ ကံ့​ကော်ကို သတိမရတဲ့​နေ့ရယ်လို့ တစ်ရက်မျှမရှိခဲ့​ပေ။ကိုယ်က အရာအားလုံးကို ​ကျောခိုင်းပြီးထွက်လာ​ပေမယ့် အနိုင်နဲ့ပိုင်းပြီးထွက်လာတဲ့သူမဟုတ်တဲ့ခါ အသည်းကွဲတဲ့ ​ဝေဒနာကိုလည်း နာနာကျင်ကျင်ခံစားရပြန်သည်။စိတ်ဆန္ဒရဲ့တွန်းအား​ပေးမှု​တွေ​ကြောင့် ဖုန်း​ခေါ်ဖို့ အကြိမ်ကြိမ်ဟန်ပြင်မိ​ပေမယ့် ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုမလိုချင်ဘူးလို့​တွေးမိတဲ့အခါ contact name ကိုနှိပ်ရုံနှိပ်ပြီး back key နဲ့ထွက်ခဲ့ရတာလည်း အခါခါပင်...။

~~ လွမ်း... ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း... လွမ်း...ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း ...
​နွေရာသီ ရွက်​ကြွေ ~~

If I were a BOY . . . [Completed]Where stories live. Discover now