(Unicode)
" အဲ့တော့ မောင်က ကျွန်တော့်ကိုလွမ်းရင်လာနေလို့ရအောင် အိမ်ကိုဝယ်လိုက်တယ်ပေါ့"
"အွန်..."
"အန်တီတို့က အိမ်ပြန်သွားပြီလား"
"အင်းမနက်ကပဲ ပြန်သွားတာငယ်ရ"
စကားပြောနေရင်းနဲ့ ကိုယ့်ဆံပင်လေးတွေကိုဖွကာ လှမ်းနမ်းလိုက်တဲ့ မောင်ပါလေ။ခုအနေထားတာ သုတကို ရဲသွေးက ရင်ခွင်ထဲထည့်ဖက်ထားကာ ကားနောက်ခန်းမှာထိုင်နေကြတာဖြစ်သည်။
ရဲသွေးအိမ်သစ်တက်ပွဲအပြီး သူ့မိဘများကရန်ကုန်ပြန်သွားကြပြီဖြစ်ပေမယ့် သူကတော့ငယ့်ကိုလွမ်းနေတာကို ပြည်မှာလုပ်ငန်းတိုးချဲ့မည်ဆိုသောအကြောင်းပြချက်ဖြင့် ကျန်နေခဲ့သည်။ဤသို့ဖြင့် အရင်တုန်းက အံ့ယွန်းအိမ်ကလိုက်ပို့နေကျဖြစ်တဲ့ စာမေးပွဲအပို့အကြိုတာဝန်ကို အလုပ်လက်မဲ့နှစ်ဦး auto ရသွားခြင်းဖြစ်သည်။ကံ့ကော်တို့ စာမေးပွဲက နေ့လည် ၁ နာရီကနေ ၄ အထိဖြေရတာဆိုတော့ ကလေးတွေ စာမေးပွဲခန်းက ထွက်အလာကို ကားထဲကစောင့်နေကြလေသည်။
"ငယ် မောင့်ကိုချစ်လားဟင်"
"မချစ်ဘဲ အတူနေရအောင် ကျွန်တော်က အရူးလားလို့"
"သုကလေးကလည်းကွာ မောင်က အဲ့လိုပြောတာမဟုတ်ဘူးလေ။မောင်တို့ အိမ်ကိုဖွင့်ပြောပြီးလက်ထပ်ကြရအောင်လေနော် ငယ်"
"အဲ့လောက်မလွယ်ဘူးထင်တယ်နော် မောင်"
"ငယ်ရာ ဖြစ်လာမှာကိုကြိုတွေးပြီးကြောက်နေလို့မရဘူးလေကွာ"
"ငယ်က ဖြစ်လာမယ့် Risk ကိုကြိုတွက်ထားတာပါမောင်ရ။ဒါနဲ့ မောင့်အိမ်က လက်ခံမလားဟင်"
"မောင်က အိမ်မှာမောင့်ရဲ့ဖြစ်တည်မှုကိုမပြောပြရသေးဘူးဆိုပေမယ့် အိမ်က ကိုယ်ချစ်တဲ့သူကိုရွေးချယ်ဖို့ ခွင့်ပြုပြီးသားပါကွာ"
"ငယ့် အိမ်ကနည်းနည်းရှေးရိုးဆန်တယ်မောင်။ကျွန်တော်တို့ နည်းနည်းတော့ ရင်ဆိုင်ကြရမယ်"
ESTÁS LEYENDO
If I were a BOY . . . [Completed]
Romanceအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021