(Unicode)
"မေမေရေ ပြီးပြီလား၊ဘေးအိမ်တွေကိုတော့သားသွားဖိတ်ပြီးပြီ ။ရှေ့တစ်လမ်းက အိမ်တွေဆီသွားဖိတ်ရအောင်"
"မေလာပြီ သားရေ"
ရဲသွေးတို့မိသားစု အိမ်သစ်တတ်ပွဲလုပ်ရန် ပြည်ကိုရောက်နေကြသည်။မနက်ဖြန် လုပ်မယ့်အိမ်သစ်တတ်ပွဲအတွက် ဘေးပတ်ဝန်းကျင်ကအိမ်တွေကိုလိုက်ဖိတ်နေကြသည်။ခုကရှေ့လမ်းကအိမ်တွေဆီသွားဖိတ်ဖို့မေမေ့ကိုအိမ်တစ်ခေါက်ပြန်လာပြီးဝင်ခေါ်ရသေးသည်။ဖေဖေကတော့ ဘေးအိမ်ကလူကြီးတွေနဲ့ ဘုန်းဘုန်းအားလျှောက်ထားရန် ဘုန်းကြီးကျောင်းသို့ လိုက်သွားလေပြီ။
"မေမေ အိမ်ကိုသော့ခတ်ခဲ့အုန်းနော်"
"အေးပါ ရဲသွေးရဲ့"
ရဲသွေးတို့ သားအမိရှေ့လမ်းမှာ တစ်အိမ်ပြီးတစ်အိမ် အိမ်သစ်တတ်ပွဲကြွရောက်ကြရန် ဖိတ်ခဲ့ပြီး အိမ်တစ်အိမ်ရှေ့အရောက်...
"အိမ်ရှင်တို့ အိမ်ရှင်တို့"
"လာပြီဗျို့"
အသံစာစာနဲ့ ကာတွန်းဘောင်းဘီနဲ့ကောင်မလေးတစ်ယောက်ထွက်လာသည်။
"ဟာ လူကြီး"
"ဟေ့မင်း။ မင်းက ဒီအိမ်ကလား"
"ဟုတ်တယ်လူကြီးရ။လူကြီး ပြည်ကိုဘာလာလုပ်။ဖေဖေ့ဆီလာတာလား။အလည်လာတာလား"
"မဟုတ်ပါဘူးကွာ ကိုယ်ကဒီပြည်မှာနေတော့မှာ။ခုတောင်အိမ်သစ်တတ်ပွဲလာဖိတ်တာ။မေမေ ဒီကလေးက မေမေ့အတွက်သွေးလှူခဲ့တဲ့ကောင်မလေးလေ"
"ဟယ်သမီးရယ် အန်တီကတွေ့ချင်နေတာ ။ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး။အန်တီတကယ်ကျေးဇူးတင်ပါတယ်"
ဒေါ်စန္ဒီခိုင် ကိုယ့်ရှေ့ကကောင်မလေးကို ရင်ထဲကလှိုက်လှိုက်လှဲလှဲကိုကျေးဇူးတင်စကားဆိုမိသည်။ဒီကလေးသာ မိမိကိုသွေးမလှူခဲ့ဘူးဆိုရင် ခုချိန်မိမိဆိုတာလူ့လောကထဲမှာရှိနိုင်တော့မည်မထင်။
"အာ ရပါတယ်အန်တီရဲ့။ ကံ့ကော်ကလည်း အဲ့လို လှူလိုက်ရလို့ ပျော်နေတာဟီး"
YOU ARE READING
If I were a BOY . . . [Completed]
Romanceအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021