Part 28

226 31 13
                                    

(Unicode)

မဟာသင်္ကြန်အကြို​နေ့....

"ငယ် ငယ်..ထ​တော့​လေ။မနက်​စော​စောလမ်းထ​လျှောက်ချင်တယ်ဆို"

ရဲ​သွေး​ကောင်ငယ်​လေးရဲ့ လက်​မောင်းကိုလှုပ်ကာ နှိုး​နေ​ပေမယ့် ငယ်ဟာခုထိနိုးမလာ​သေး​ပေ။

"ငယ်..​ဒီလိုလုပ်​နေရင်​နောက်ကျ​တော့မှာ​နော်။​နေထွက်လာရင် ပူလာ​တော့မှာ"

"အင်..ဟင်။မထချင်​သေးဘူးလို့."

အိပ်မှုန်စုံမွှားနဲ့ စကားပြန်ကာ ​ဘေးတစ်ဖက်ကို​စောင်းအိပ်သွားပြန်သည်။

"ငယ်..တကယ်မထဘူးလား။အဲ့တာဆို ​မောင်လုပ်ချင်တာလုပ်​တော့မှာ​နော်"

"..."

အ​ကြောင်းမပြန်။

"ငယ်..​မောင်တကယ်​ပြော​နေတာ​နော်.."

ရဲ​သွေး​ပြော​နေရင်းနဲ့အိပ်​နေသူရဲ့လက်​မောင်း​လေးကိုခပ်ဖွဖွဖျစ်ညစ်ကာ အနမ်း​ပေးလိုက်သည်။

"အွန်ဟွန့်...ဖယ်လို့"

"​မောင် ၁  ၂ ၃ ​ရွေလို့မှ မထရင် ​မောင့်ကိုအဆိုးမဆိုနဲ့​နော်"

"၁"

"၂"

"ထပြီ ထပြီ ။ ကျွန်​တော် ထပြီလို့"

ခုမှကမန်းကတန်းနဲ့ထလာသည်။

"ဟား ဟား က​လေးလိုပဲကွာ"

"ဘာမှန်းမသိဘူး ။ကျွန်​တော်ဆက်အိပ်ချင်​သေးတာကို"

"ညတုန်းက လမ်း​လျှောက်ချင်တယ်​ပြောထားတာဘယ်သူပါလိမ့်"

ရဲ​သွေး စူ​နေတဲ့ဘဲနှုတ်ခမ်း​လေးကို ဆွဲကာ​ကာ​ပြောလိုက်​​တော့ ချစ်ရသူက သူ့လက်​မောင်း​ပေါ်မှီခဲ့​လေသည်။

"​မောင်..ကျွန်​တော့်ကိုအမြဲတမ်းခုလိုပဲအလိုလိုက်မှာလား"

"​ငယ် ​မောင့်ကိုတာဝန်ယူရင်​ပေါ့"

"ကျွန်​တော်က ​မောင့်အ​ပေါ်ဆိုးရင်​​ကောဆက်ချစ်အုန်းမှာလား"

"ထူးထူးဆန်းဆန်းပါလားငယ်ရ။ ငယ်က​မောင့်အ​ပေါ်ဘယ်တုန်းကဆိုးခဲ့ဖူးလို့လဲ"

If I were a BOY . . . [Completed]Where stories live. Discover now