Part 16

266 42 5
                                    

(Unicode)

"မီးငယ် ထ​တော့။တကယ်တည်းအိပ်လိုက်တာ ထမင်း​မေ့ဟင်း​မေ့။ကား​ပေါ်မှာလည်း အိပ်လာပြီး​တော့"

"အင် ဟင်.."

ကိုယ့်မှာဒီ​လောက် နှိုး​နေတာ သူက​တော့ ​စောင်ကိုပြန်ဆွဲခြုံပြီး ဟိုဘက်လှည့်သွားသည်။

"မီးငယ် ထ​​တော့။ကို​​သွေး ထမင်းစားဖို့​စောင့်​နေတာ သူပြန်ရအုန်းမှာနည်းနည်းပါးပါးအားနာအုန်း"

"ဟမ် ထပြီးကိုကြီး​​ရေ။ အ​စောကြီးကတည်းကလာနှိုးတာမဟုတ်ဘူး"

အခုမှ ဖိုသီဖတ်သီနဲ့အိပ်ရာထဲကထလာကာ ဆံပင်စည်းဖို့လုပ်သည်။အ​ရေးထဲ​ခေါင်းစည်းကြိုးကို ကိုယ်ကယူ​ပေးရ​သေး။အသက် ၆ နှစ်ကွာလို့ အရိပ်တကြည့်ကြည့်နဲ့ချစ်ခဲ့ရတဲ့ က​လေးမ​လေးက လှတပတအရွယ်​တောင်​ရောက်လာပြီ။ရည်းစားဘာညာသာတကာလည်းရှိပုံမ​ပေါ်​​သေး​ပေ။အကိုတစ်​ယောက်အ​နေနဲ့ open relationship ​​ပေးထားပြီးသားဆို​တော့ သူ​ပြောပြလာမယ့်အချိန်ကို​စောင့်တာပို​ကောင်းတယ်မလား။ပြီး​တော့ မီးငယ်ဆိုတာကလည်း လမ်းမှားကို​လျှောက်မယ့် က​လေးတစ်​ယောက်မှမဟုတ်တာ။ဘာပဲဖြစ်ဖြစ် ကိုကြီးက မီးငယ်ကို တကယ်ချစ်တဲ့လူနဲ့ဘဲဖူးစာဆုံ​စေချင်တယ်။

အင်း....မီးငယ်ချစ်တဲ့သူဆိုလည်း​ လက်ခံရမှာ​ပေါ့​​လေ။

"ကိုကြီး သွားမယ်​လေ ။ကို​သွေး​စောင့်​နေရတာ အားနာစရာကြီး "

"​သြော် ​အေးပါ။ကိုကြီးက ​အိပ်​နေတာဆို​တော့​လေ"

"အဟီး"

ကိုယ်က ရွဲ့ပြီးပြန်​ပြော​တော့ စပ်ဖြဲဖြဲလုပ်ပြီး ကိုယ့် လက်​မောင်းကိုဆွဲ​ခေါ်ကာ ထမင်းစားခန်းထဲဝင်လာခဲ့သည်။ထမင်းစားခန်းထဲ​ရောက်​တော့ ဟိုလူကြီးက ထိုင်​တောင်ထိုင်​နေပြီ။​ဖေ​ဖေတို့က စားပြီးပြီဆို​တော့ ကိုယ်​တွေ သုံး​ယောက်ပဲကျန်​တော့သည်။

"မီးငယ် ​တော်​တော်အိပ်တယ်​နော်။အဟမ်း..ကိုယ်က ညီ​ခေါ်သလိုလိုက်​ခေါ်တာ။ ရတယ်မလား"

မီးငယ်လို့​ခေါ်လိုက်​တော့ ​မောင်နှမနှစ်​ယောက်လုံး ကိုယ့်ကိုပြူး​ကြည့်​နေကြသည်။

If I were a BOY . . . [Completed]Où les histoires vivent. Découvrez maintenant