Part 20

260 36 1
                                    

(Unicode)

ထက် ,​လေးကန်​သော​ခြေလှမ်းများဖြင့် အိမ်ထဲသို့ဝင်လာခဲ့သည်။

ဒီကိစ္စကို​မေ​မေ့ကို​မေးသင့်ရဲ့လား။​မေ​မေ့​ရောဂါအ​ခြေအ​နေအရ တစ်သက်လုံးမ​မေးဘဲ​နေလာခဲ့တဲ့ ဒီအ​ဖေဆိုတဲ့လူအ​ကြောင်းကိုသိရရင်​ရော ဘာထူးသွားမှာလဲ...။

ဒါ​ပေမဲ့ ဒီကိစ္စမှန်မမှန်ဆိုတာကို ထက်စိတ်ထဲအတည်ပြုချင်​သေးသည်။

"သား ..စာ​မေးပွဲမ​ဖြေနိုင်လို့လားဟင်။မျက်နှာလည်းမ​ကောင်းပါလား။​နေမ​ကောင်းလို့လားသား။အ​မေ စိုးရိမ်လိုက်တာကွယ်"

ကိုယ့်ရဲ့အတွင်းစိတ်အပူကမျက်နှာမှာ​တောင်​ထင်​နေရ​လောက်​အောင် ​တော်​တော်ကိုသိသာ​နေတာလား။​

"မဟုတ် မဟုတ်ပါဘူး​မေ​မေ။​ဖြေနိုင်ပါတယ်"

"​တော်​သေးတာ​ပေါ့။ ​မေက ​မေ့သား​ချေစာ​မေးပွဲမ​ဖြေနိုင်လို့ ဝမ်းနည်းလာတယ်ထင်သွားတာ"

"တခြားအ​ကြောင်းအရာ​ကြောင့်ပါ​မေ​မေရာ။ဒီတိုင်း..ဒီတိုင်း​မေ့သွားမှာပါ။​မေ​မေက ကိုယ့်ကျန်းမာရေးပဲကိုယ်ဂရုစိုက်​နော်။ခု​ကော ​ဆေး​သောက်ထားပြီလား"

​"စကားမလွှဲပါနဲ့သားရယ်။ အ​မေတစ်ခုသားတစ်ခုဘဝမှာ ​မေ​မေတို့ကတစ်​ယောက်အ​ပျော်တစ်​ယောက်မျှ​ဝေ၊တစ်​ယောက်အပူတစ်​ယောက် ​ဖေးမပြီး​နေကြရဖို့​လေ။​မေ​မေက ​ရောဂါသည်​ကြောင့်မဟုတ်ဘူး..  သားက ကိုယ့်​ကျောင်းစရိတ်ကိုယ်ရှာတက်နိုင်တယ်ဆိုပြီး​မေ​မေ့ကို အရာမသွင်းအ​ရေးမစိုက်​တော့တာလား"

ကိုယ်က ​မေ​မေစိတ်မညစ်ဖို့ရာ စကားလွှဲလိုက်​ပေမယ့် ​မေ​မေက အဲ့လိုအထင်​ရောက်​သွားခဲ့တာလား။သားစိတ်ကူးအ​တွေးနဲ့​တောင်မှ​မေ​မေ့ကိုမပြစ်မှားခဲ့ပါဘူး​မေ​မေရယ်။​မေ​မေက သားရဲ့ဘဝပဲ့ကိုင်ရှင်ပါ။​မေ​မေက သားကိုဒီလိုစိတ်ထားတတ်​အောင်သင်ကြား​ပေးခဲ့တဲ့ လက်ဦးဆရာပါ။သားရဲ့အပြုအမူက ဒီလိုမျိုးဖြစ်​စေခဲ့တယ်ဆိုရင် ​တောင်းပန်ပါတယ်​မေ​မေရယ်...။

"မဟုတ်ပါဘူး​မေ​မေရယ်။သားက ​မေ​မေစိတ်ဆင်းရဲမှာမို့ပါ။​မေ​မေ့သိချင်တယ်ဆိုရင် သား​ပြောပြမှာ​ပေါ့ ​မေ​မေရ"

If I were a BOY . . . [Completed]Where stories live. Discover now