(Unicode)
ညနေစာ စားသောက်ပြီးချိန်မို့ ကံ့ကော်တို့ သားမိသားဖသုံးယောက်လုံး အိမ်ရှေ့မှာထိုင်ကာ TV ကြည့်နေကြလေသည်။
"သြော် မေ ကိုကြီးက နောက်အပတ် ရုံးပိတ်ရက် ပြည်ကိုလာမှာတဲ့"
"ဟုတ်လား သမီး။ သမီးကိုကြီးက မေ့ကိုတောင်ဖုန်းမဆက်သေးဘူး"
"ကံ့ကော်နဲ့ သင်တန်းမှာတွေ့တုန်းပြောလိုက်တာမေရဲ့"
"အင်းပါ သားသားအကြိုက်ရော သားမောင်အကြိုက်ရော ချက်ထားရမှာပဲ"
"အဟမ်း"
ကံ့ကော်တို့သားမိနှစ်ယောက် စကားပြောနေတုန်း ဖေဖေက ချောင်းတချက်ဟန့်ကာ ထိုင်ရာမှထထွက်သွားလေသည်။
"သမီး တို့ကို သင်တန်းလာကြိုတော့ သမီးအဖေနဲ့ သမီးကိုကြီးတို့ ဘာဖြစ်ကြသေးလဲသမီး"
"ဟို ဘာမှမဖြစ်ပါဘူး မေရဲ့။ဖေဖေက ကိုကြီးကိုမြင်တော့ အံ့သြသွားပေမယ့် စကားမပြောဖြစ်ကြဘူး။အပြန်မှာ ကိုကြီးကို ကိုသွေးလာကြိုတော့ ဖေဖေနဲ့ တွေ့ကြသေးတယ်။ဒါမဲ့ သူတို့ စကားတော့ မပြောဖြစ်ကြပါဘူး"
"ဟင်း သမီး ဖေဖေတစ်ယောက်နဲ့လည်း စိတ်ညစ်ပါတယ်"
"သမီး အပြစ်တွေပါ မေမေရယ်"
ကံ့ကော် နောင်တရစွာပြောတော့ မေမေက ခေါင်းသာခါလေသည်။
"ဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲသမီးရယ်။အားလုံးက ဖြစ်ချိန်တန်လို့ ဖြစ်ခဲ့တာတွေချည်းပါပဲ"
"သမီး တကယ်ကို နောင်တရတယ်မေမေ။သမီးကြောင့် အစကတည်းအဆင်မပြေတဲ့ ကိုကြီးနဲ့ဖေဖေတို့မသင့်မြတ်ကြရတာ၊သမီးကြောင့်ပဲ ...သမီးရဲ့မိုက်ရူးရဲဆန်မှုကြောင့်ပဲ လူတွေကိုပြောပြရင်တောင် ဘယ်သူမှ မယုံကြည်ပေးနိုင်တဲ့ အဖြစ်တွေ ဖြစ်ခဲ့ကြတာ"
"ဟင်း သမီးရယ်..."
"အဲ့သည်တုန်းက မေမေရော ကိုသွေးပြောတာကို ယုံခဲ့လားဟင်"
"ဘယ်လိုယုံနိုင်မလဲသမီးရယ်။အဲ့သည်ကိစ္စက မေမေ့ဘဝမှာ တစ်ခါမှ မတွေးဖူး ၊မကြုံဖူးတဲ့ အကြောင်းအရာမျိုး။အဲ့တာထက် မေမေတို့က မေမေ့သမီးလေးက အဲ့လိုမျိုးမဟုတ်ဘူးလို့ တွေးမိသေးတာ။သမီးကိုယ်တိုင် ဝန်ခံတော့မှ... "
KAMU SEDANG MEMBACA
If I were a BOY . . . [Completed]
Romansaအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021