Part 10

324 45 2
                                    

(Unicode)

(A/N Flash Back ပါ​နော်)

​​နောက်တစ်​​နေ့မနက် သုတ​ လေဆိပ်ဆင်း​တော့ မ​နေ့ကလူကို​တွေ့လိုက်ရသည်။

ဟင်း မ​တွေ့ချင်ပါဘူးဆိုမှ flight time တူတာဖြစ်မှာပါ​လေ။​လေယာဥ်​တော့မတူပါ​​စေနဲ့။

သုတဆု​တောင်းမပြည့်ခဲ့ပါ။​လေယာဥ်​ပေါ်ကိုသူ့ထက်အရင်​ရောက်​နေတဲ့ထိုလူက သူနဲ့​ဘေးချင်းကပ်ရပ်ပင်။သူ့ကိုမြင်သည်နှင့်...

" Hi ​တွေ့ကြပြန်ပြီ​နော်။ ဒါ​ရေစက်များလား အဟွန်း"

" စိတ်ကူးယဥ်မ​နေနဲ့"

"ဟဟ ဟုတ်ပါပြီကွာ"

သုတလည်းမိမိထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ပြဿနာက ​လေယာဥ်ထွက်မှစသည်။သုတ​ချွေးပြန်လာသည်။

"ကိုယ် ကိုင်ထား​ပေးရမလား"

" ဘာ ဘာကိုလဲ"

"ဘာကိုကိုင်​စေချင်လို့လဲ"

"ခင်ဗျား ဘာစကား​ပြောတာလဲ ။​ယောကျာ်းချင်း​တောင် အသားယူတယ်"

"အသားယူဆိုကိုယ်က Gay ​လေ ။ဒါမဲ့မင်းသိထားဖို့က ကိုယ်အသားယူချင်တာ မင်းတစ်​ယောက်တည်း။ပြီး​တော့ gay တိုင်းအသားယူတတ်တာမဟုတ်ဘူး"

သုတဆက်​ပြောချင်စိတ်မရှိ​တော့ ။ဒီမျက်နှာရူးနဲ့ ၁၈ နာရီလုံးလုံး သုတဘယ်လိုဆက်သွားရမလဲ။ear phoneကောက်တပ်လိုက်ပြီး သီချင်းနား​ထောင်​နေလိုက်သည်။သီချင်းသုံးပုဒ်​လောက် ဆုံးခါနီးမှာ  ear phone ကိုဆွဲဖြုတ်ခံလိုက်ရသည်။ကျစ် ...ဒီလူဘာဖြစ်ချင်​နေတာလဲ။

"ဘာလဲဗျာ။ ခင်ဗျားမှာ ယဥ်​ကျေးမှုမရှိဘူးလား"

"ဘာကွ ငါက အပြင်မှာတိမ်​တွေလှလို့ ။မင်းကြည့်ချင်မလားလို့​မေးကြည့်တာ။လူတစ်ဖက်သားရဲ့စေတနာကို လာမ​စော်ကားနဲ့။ပြီး​တော့ ငါမင်းထက်အသက်ကြီးတယ်။ယဥ်​ကျေးမှုမရှိတာ မင်းပဲဖြစ်မယ်။ကိုယ့်ကို ကူညီခဲ့တာကိုမှမ​ထောက်"

" Sor ...sorry "

သုတတို့ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်​နေ​​တော့ ​ဘေးက လူ​တွေကလှည့်ကြည့်လာသည်။​

If I were a BOY . . . [Completed]Where stories live. Discover now