Part 45

236 24 14
                                    

(Unicode)

အိပ်မက်လိုလို၊အပြင်မှာတကယ်ဖြစ်​နေသလိုလို ကြုံ​တွေ့ခဲ့ရတဲ့ အဖြစ်အပျက်​အဆုံးမှာ ကံ့​ကော် မိန်း​မော​နေရာမှ သတိပြန်လည်လာခဲ့သည်။အိပ်မက်ထဲကအမျိုးသမီး​ပြောသလို ကိုကြီးရဲ့ခန္ဓာကိုယ်ကိုရ​နေပြီဆိုတာဟာ အမှန်လားလို့ သိချင်​နေတဲ့စိတ်ဟာ မိမိတစ်ဖက်သတ်ချစ်​နေရသူရဲ့ ' ငယ် ' လို့စိုးရိမ်တကြီး​ခေါ်သံ​ကြောင့် အမှန်တကယ်ဖြစ်​နေ​ကြောင်း သူမ သိခဲ့ရ​လေသည်။​ခေါင်းကွဲထားတဲ့ ဒဏ်ရာ​ကြောင့်လား၊​​ဆေးအရှိန်​တွေ​ကြောင့်လား သူမ​သေချာမသိ​ပေမယ့် 'အိမ်ပြန်​ရောက်ခဲ့ပြီ' ရယ်လို့ပြုံးစစနဲ့​ပြောခဲ့ကာ အိပ်မက်ကမ္ဘာထဲကိုပြန်လည်​ရောက်ရှိသွား​တော့သည်။

သူမ​နောက်တစ်ကြိမ်ပြန်နိုးလာ​တော့ အမျိုးသမီးနှစ်​ယောက်ရဲ့အ​ချေအတင်စကား​ပြော​နေကြတဲ့အသံကိုတစ်စွန်းတစ်စကြားရ​၏။​​ခေါင်းနည်းနည်းမူး​နေ​သေး​ပေမယ့် ဖြေး​ဖြေးချင်း အာရုံစိုက်နား​ထောင်​လိုက်​တော့ စကား​ပြော​နေကြတဲ့သူ​တွေဟာ ကြီးမြနဲ့ အံ့ယွန်းဖြစ်​နေ​ကြောင်းသိရပြန်သည်။ကြီးမြက အံ့ယွန်းကိုမလို​ကြောင်း​ပေါ်​ပေါ်ထင်ထင်​ပြော​နေ​ပေမယ့် တစ်ဖက်က သူငယ်ချင်းဖြစ်သူက ​အေးရာ​အေး​ကြောင်းဆိုကာ​တောင်းပန်မှုပြုသည်။များမကြာမီမှာပင် ​မေ​မေ​ရောက်လာခဲ့​ပြီး သူမရဲ့သ​ဘောထားကလည်းကြီးမြနဲ့ထပ်တူပင်ဖြစ်​ကြောင်း သူမမူပိုင်အတိုင်းခပ်​အေး​အေးပြန်​ပြောသည်။အံ့ယွန်းက ဝမ်းနည်းပက်လက်နဲ့ တုံ့ပြန်လာ​​တော့လည်း ​မေ​မေဟာ ကံ့​ကော်တစ်ခါမှမသိဖူးခဲ့တဲ့လူတစ်​ယောက်လို ပြတ်ပြတ်သားသားပင်ငြင်းဆန်လာ​တော့သည်။​အံ့ယွန်းက ဒေါသတကြီးငိုကာအခန်းထဲကထွက်သွား​ပေမယ့် ​မေ​မေနဲ့ကြီးမြကမူ မည်သို့မှမဖြစ်သည့်ပုံနှယ် ထမင်းစားဖို့​​တောင်ပြင်လိုက်ကြ​​​​သေးသည်။

မနက်ကဖြစ်ပျက်သွားတာ​တွေအားလုံးကို အိပ်ချင်​ယောင်​ဆောင်​​နေလို့မျက်မြင်ကိုယ်​တွေ့ မမြင်လိုက်ရပေမယ့် ကံ့​ကော်နားနဲ့ဆက်ဆက်ကြားလိုက်ရ​လေသည်။​ဒီ​တော့ ရှေ့ဆက်ပြီး သူမဘယ်လိုမျိုး ကိုကြီးရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီး​နေထိုင်ရသွားရမလဲအကြံထုတ်​​ရတော့၏။

If I were a BOY . . . [Completed]Wo Geschichten leben. Entdecke jetzt