(Unicode)
[A/N ဒီအပိုင်းကိုဖတ်ရင် မင်းသာဂီရဲ့ 《ရခိုင်တို့မြေ လာခဲ့လေ 》 သီချင်းလေးကိုနားထောင်ပြီးဖတ်ဖို့ အကြုံပြုချင်ပါတယ်။ရခိုင်စကားလုံးအသုံးအနှုန်းက နည်းနည်းလွဲကောင်းလွဲနေပါလိမ့်မယ်။ရခိုင်မှာ တစ်နေရာနဲ့တစ်နေရာ စကားအသုံးအနှုန်းရော လေယူလေသိမ်းရောမတူညီကြပါဘူး။ကိုယ်သိသလောက်မြို့ရဲ့အလှအပတွေကိုထည့်ရေးထားတာကြောင့်အမှားတစ်စုံတစ်ရာပါခဲ့သော်သည်းခံဖတ်ပေးကြပါလို့💛✌]
"ကဲအားလုံးအဆင်သင့်ဖြစ်ကြပြီမလား။အထုတ်တွေသေချာစစ်နော်။သားမောင်က အကြီးဆိုတော့ ညီတွေညီမတွေကို ဂရုစိုက်အုန်းနော်"
"ဟုတ်ကဲ့ တီနှင်း"
တီနှင်းက စိုးရိမ်စွာဆိုလာသည်။အန်ကယ်မြတ်သူကတော့ လက်ပိုက်ကာပြုံးပြီးကြည့်နေ၏။ခဏနေတော့ အံ့ယွန်းအိမ်ကကားလေး ကံ့ကော်တို့ခြံထဲ၀င်လာကာ အံ့ယွန်းနဲ့ထက် ကားပေါ်ကဆင်းလာလေသည်။ဒီတစ်ခါကားမောင်းပြီးလိုက်ပို့သူက အံ့ယွန်းဖေဖေကိုယ်တိုင်ပင်။လူကြီးတွေကအချင်းချင်းနှုတ်ဆက်နေကြသည်။
"သမီး အံ့ယွန်း ဂရုစိုက်နော်။သံတွဲဝင်ရင်ဒယ်ဒီ့ကိုဖုန်းဆက်နော်သမီး။သား သီဟထက်လည်း ဂရုစိုက်အုန်း"
"ဟုတ်ဒယ်ဒီ"
"ဟုတ်ကဲ့ပါ ဦး"
"အန်ကယ်လ်လွန်း မောနင်း"
"မောနင်း သမီးကံ့ကော်။အချင်းချင်းဂရုစိုက်ကြနော်။တစ်ခုခုလိုအပ်တာရှိရင် အန်ကယ့်လ်ကိုဖုန်းဆက်လို့ရတယ်နော်
"ဟုတ်"
အံ့ယွန်းဖေဖေက အငယ်သုံးယောက်ကိုမုန့်ဖိုး ၃ သိန်းစီပေးလာ၏။
"ကျေးဇူးပါ အန်ကယ်လ်လွန်း"
"ကျေးဇူးတင်ပါတယ် ဦး"
"ဟားဟား ဟုတ်ပါပြီကွာ။သွားဖို့ ပြင်ဆင်ကြတော့လေ"
"ဟုတ် "
ဦးအံ့လွန်းမောင်နဲ့ အငယ်သုံးယောက်စကားပြောပြတ်မှ ရဲသွေး သွားဖို့ဆော်သြရပြန်သည်။
YOU ARE READING
If I were a BOY . . . [Completed]
Romanceအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021