(Unicode)
"သုတလေးတောင်ရောက်လာပြီကို။မြေးက အပေါ်ထပ်မှာဘဲရှိသေးတယ် မြေးရေ။မူမူရေ မြေးကိုသွားခေါ်လိုက်ပါဦး"
"ဟုတ်ဖွားဖွားကြီး"
"မသွားခင် မြေးသုတအတွက်သောက်စရာတစ်ခုခုပြင်ပြီးလာပို့ဖို့ ဒေါ်ညိုကိုပြောခဲ့လိုက်ပါဦးကွယ်"
"ဟုတ်"
"ရတယ်မူမူ အကိုမသောက်တော့ဘူး။ဖွား ကျွန်တော်အိမ်ကစားလာခဲ့ပါပြီ"
ဒီနေ့အန်တီ့ဆီကိုလိုက်ပို့ဖို့ အံ့ယွန်းအကူအညီတောင်းထားတာမို့ သုတရောက်သွားတော့ဧည့်ခန်းထဲမှာထိုင်နေတဲ့ဖွားကိုသာတွေ့ရသည်။အံ့ယွန်းကတော့ဆင်းမလာသေးပေ။
"ဖွားသက်သာရဲ့လား"
"သက်သာပါတယ်မြေးရယ်"
"ဖွားအများကြီးမစိုးရိမ်ပါနဲ့နော်။အန်ကယ်လ်လည်း ရှေ့နေငှားပြီးအမှုပေါ့အောင်လုပ်နေပါတယ်"
သုတအဲ့လိုပြောတော့ ဖွားကခေါင်းကိုသာဖြေးညှင်းစွာခါရမ်းသည်။
"မောင်အံ့လွန်းလိုက်နိုင်ရော ဘာထူးခြားမှာလဲမြေးရယ်။အခုခေတ်က ငွေထိုးလို့ရတဲ့ခေတ်မဟုတ်တော့တာဖွားသိတာပေါ့"
"ဒါပေမယ့် တစ်နှစ်လောက်လျော့သွားတယ်ပဲထားအုန်းလျှော့ရက်တွေပါထည့်တွက်ရင်အမြန်လွတ်မှာပါ"
"အဖွားကတော့မထင်တော့ဘူးကွယ်"
ဖွားပြောတာလည်းအမှန်ပါပင်။အန်တီထိုက်ရဲ့အမှုကမျှော်လင့်ချက်သိပ်မရှိပါ။ပစ္စည်းလက်ဝယ်တွေရှိမှု၊သုံးစွဲမှုနှစ်ခုပေါင်းဆိုတော့ အပြစ်က အနည်းဆုံး ၁၀ နှစ်အထက်ရှိပေမည်။လကုန်လို့အမှုဖြတ်ပြီးရင် ရန်ကုန်အကျဥ်းထောင်ကိုပို့တော့မှာဖြစ်သည်။
"အဖွားကအိုနေပါပြီကွယ်။မနက်ဖြန်သန်ဖက်ဆိုရင်ပဲသေတော့မှာ။ထိုက်ဟာ မြေးလေးကိုတောင်ထည့်မစဥ်းစားဘဲလုပ်သွားခဲ့တာကိုယူကြုံးမရဖြစ်လွန်းလို့ပါ"
"အံ့ယွန်းအနားမှာကျွန်တော်တို့ရှိပါတယ်ဖွားရဲ့"
ဖွားရဲ့လက်ကိုသုတဆုပ်ကိုင်ကာပြောတော့ မျက်ရည်လည်ကာခေါင်းညိတ်ပြလာသည်။
VOUS LISEZ
If I were a BOY . . . [Completed]
Roman d'amourအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021