(Unicode)
အံ့ယွန်းအခန်းထဲရောက်နေပြီး သီချင်းနားထောင်နေသည်မှာနာရီဝက်လောက်တောင်ရှိနေပြီထင့်။အသည်းကွဲတယ်ဆိုတဲ့ခံစားချက်က ဘာမှလုပ်မနေဘူးဆိုရင် ပိုပြီးဆိုးဝါးလာတတ်တာမျိုးဟုအံ့ယွန်းကြားဖူးပါသည်။ဒါကြောင့် သီချင်းမြူးမြူးလေးတွေနားထောင်ပြီးစိတ်လွတ်ကိုယ်လွတ်ခုန်ပေါက်ကပစ်လိုက်တော့သည်။အတွေးတချို့တဝက်တော့လွင့်ပါးသွားေလ၏။
"အား ဘာလုပ်စရာမှလည်းမရှိဘူး။မာမီတို့ဆီကိုလည်း မနေ့ကမှဖုန်းဆက်ထားတာဆိုတော့ နောက်နေ့မှပဲထပ်ဆက်တော့မယ်။Okayyy...အဲ့တော့ မနေ့ကပုံတွေ fbပေါ်တင်ပြီးရင်အိပ်တော့မယ်ကွာ"
ပြောလည်းပြော ကုတင်ပေါ်ကန့်လန့်ဖြတ်ကာလှဲချလိုက်ပြီး mobile data on လိုက်တော့သည်။
"အံ့ယွန်း အံ့ယွန်း ပစ္စည်းတွေသိမ်းတော့။ ငါတို့ပြန်ရမယ်"
အခန်းထဲကိုအပြေးအလွှားဝင်လာရင်း ကံ့ကော်ကအရေးတကြီး ဆိုလာတာကြောင့် အံ့ယွန်း အထိတ်တလန့်ဖြစ်သွားလေ၏။
"ကံ့ကော် ဘာဖြစ်လာပြန်တာလဲ။လန့်လိုက်တာဟာ။လာမခြောက်နေနဲ့"
ကံ့ကော်စကားကိုအရေးမစိုက်စွာပင် fb ကိုဖွင့်လိုက်တော့ ဖျက်ခနဲဖုန်းကိုဆွဲလုတာခံလိုက်ရလေသည်။
"ထတော့ ငါနောက်နေတာမဟုတ်ဘူးဟ။ကိုကြီးတို့ဆို ကားဆီတောင်ရောက်နေကြပြီ"
"အမ် တကယ်လား။ငါအင်္ကျီမလဲရသေးဘူးလေ "
"ငါလည်း ဒီတိုင်းပါပဲဟာ။လာတော့"
ဝန်ထမ်းတွေလာပို့ထားသည့်လျှော်ပြီးသားအင်္ကျီတွေကို ကံ့ကော်က luggage ထဲဖြစ်သလိုထိုးထည့်ကာ အံ့ယွန်းကိုဆွဲခေါ်လိုက်၏။အံ့ယွန်းဆီကလုထားတဲ့ဖုန်းကို အိတ်ထဲထည့်ဖို့လည်း သူမ မမေ့ချေ။
"ကမန်းကတန်းပဲဟာ ။ဘယ်သွားမှာကြောင့်လဲ"
ကံ့ကော်ဆွဲခေါ်လာလို့အခန်းပြင်ရောက်တော့ ထက်နဲ့Peterကိုပါတွေ့ရသည်။
"ဟင် ထက် နင့်ပါး.."
"အာ ပါးကိုခြင်လာကိုက်လို့ ရိုက်လိုက်တာနည်းနည်းအားပါသွားလို့"
YOU ARE READING
If I were a BOY . . . [Completed]
Romanceအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021