(Unicode)
"Morning ကိုကြီး ၊ morning ကိုသွေး"
"Morning မီးငယ်"(ရဲသွေး)
"ကဲလာ..မနေ့က ဝိုင်တွေသောက်ပြီးအိပ်ကြတာအဆင်ပြေကြရဲ့လား"
"ဟီး အိပ်လို့တော့ကောင်းတယ်ကိုကြီးရ။ဒါပေမယ့်ခေါင်းကိုက်နေတယ်"
"အဲ့လိုဖြစ်မှာ ကြိုသိသားပဲ "
"ဟုတ် ဟီးဟီး"
ကံ့ကော်တို့နှစ်ယောက်နဲ့သုတတို့နှစ်ယောက်က အခန်းကအထွက် Breakfast စားဖို့သွားရာလမ်းမှာဆုံကြခြင်းဖြစ်သည်။
"ဒါနဲ့ ကိုကို ထက်နဲ့ Peter ရော"
"သူတို့နှစ်ယောက်အစောကြီးထသွားကြတာနေမယ်။ခုလောက်ဆို မနက်စာတောင်စားနေကြတော့မလားတောင်မသိဘူး"
"ဟုတ်"
"ကိုကြီးဗိုက်ဆာတယ်မြန်မြန်သွားရအောင်"
"အင်းပါ အင်းပါ"
Dining room ထဲရောက်တော့ ထက်နဲ့ Peter ကိုမနက်စာ စားနေကြတာတွေ့ရသည်။
"ဟဲ့ထက် ငါတို့ကိုတောင်မစောင့်ဘူး"(ကံ့ကော်)
"အာမဟုတ်ဘူးဟ။ ငါနဲ့ Peter က မနက်အစောကြီးနိုးနေတော့ ဟိုနားဒီနားလမ်းသွားလျှောက်ကြည့်တာ။ပြန်လာတော့ Breakfast ကျွေးနေပြီမို့ဝင်စားလိုက်ကြတာ။နင်တို့လည်းသွားစားကြတော့လေ Buffet ကျွေးတာဟ"
"ဟင်း အေးပါ။လာကံ့ကော်စားစရာသွားယူရအောင်"
"အင်း"
"ဟေ့ပြီးရင် ဒီမှာပဲလာထိုင်နော်"
"မထိုင်ဘူး အကျင့်ပုတ်ကောင်"(ကံ့ကော်)
"ဟုတ်ပါ့ လုံးဝမထိုင်ဘူး"(အံ့ယွန်း)
"ဟားဟား"
ထက် အသံထွက်ကာအော်ရယ်မိသွားသည်။သူ့သူငယ်ချင်းနှစ်ယောက်ကတော့ စိတ်ဆိုးသွားကြလေပြီ။
"အာ ကိုသွေးနဲ့ကိုသု sorry နော်"
"ရပါတယ်ထက်ရ"
"နောက်တစ်ခါဆို ဖုန်းလေးဘာလေးဆက်ပေါ့ကွာ။ညီ့သူငယ်ချင်းတွေက စိတ်ဆိုးသွားကြတာ"
KAMU SEDANG MEMBACA
If I were a BOY . . . [Completed]
Romansaအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021