Part 39

223 25 18
                                    

(Unicode)

"ရဲ​သွေး​​မောင် ဒါ​တွေက ဘာ​​တွေလဲဟင် ။ရှင်းစမ်းပါအုန်း။အမ​လေး ငါ့သား  ငါ့သားက ဒီလိုတဲ့လား"

​ပြည်က​နေ ရန်ကုန်ကိုပြန်သွားတာ​တောင်​နေ့မကူး​သေးတဲ့ ​​မေ​မေ့ရဲ့ 'ရဲ​သွေး​မောင် ရန်ကုန်ကို ခုချက်ချင်းတတ်လာခဲ့'ဆိုတဲ့စကား​ကြောင့် အိမ်​နေရင်းအင်္ကျီ​တောင်မလဲနိုင်ဘဲ ရဲ​သွေး​အိမ်ကို​ရောက်လာခဲ့သည်။

ဒီ​ရောက်​တော့ တွေ့လိုက်ရတာက ​ချောင်းရိုက်ထားပုံရသည့်ဓါတ်ပုံတစ်စု။တုန်လှုပ်​ခြောက်ခြားရမည့်အစား ရဲ​သွေး​ ပိုလို့ပင်ဝမ်းသာအားရဖြစ်ရသည်။ကိုယ့်အ​နေနဲ့ဆို ဘယ်ကစ​ပြောရမှန်းမသိ ဘဲဥအစရှာမရဖြစ်​နေသည့်ကိစ္စက အခု​တော့ ဘယ်သူဘယ်ဝါမှန်းမသိသည့်လူကြောင့် ​ပြောခွင့်ကြုံခဲ့​လေပြီ။

"အဲ့တာ​တွေက အမှန်ပါပဲ ​မေ​မေ"

"ဘာ!!!"

​မေ​မေ့အသံက ကျယ်​လောင်စွာထွက်​ပေါ်လာသည်။

"​ဖြေး​ဖြေး​အော်ပါမိန်းမရာ"

"ရှင်က ဘာမှမဖြစ်ဘူးတဲ့လား။ဒါ ရှင့်သားပုံမှန်မဟုတ်ဖြစ်​နေတဲ့ကိစ္စ​လေ ရှင်ကြီးရဲ့"

စကား​ပြောရင်း ​အနားမှာထိုင်​နေတဲ့ ​ဖေ​ဖေ့ကိုအားမလိုမရ ထုရိုက်​​သေးသည်။

"ဘာက ပုံမှန်မဟုတ်လို့လဲ။ငါ့သားက အ​ကောင်းတိုင်းပါပဲကွ"

"ရှင် ရှင်​နော်။ရှင့်သားက ​ယောကျာ်းချင်းကြိုက်​နေတာ​လေ "

"​အေး​လေ အဲ့တာဘာဖြစ်လဲ"

"ဘာ..ရှင့်သားက အခုမိန်းက​လေးတစ်​ယောက်နဲ့​စေ့စပ်ထားတာ​နော်။ပြီး​တော့ ရှင့်သားကြိုက်​နေတာ အဲ့မိန်းက​လေးရဲ့အကိုရှင့်"

"အဲ့တာ ငါလည်းသိ​နေတာပဲ​လေကွာ"

"​တော်ပြီရှင်နဲ့​ပြောမ​နေနိုင်​တော့ဘူး။ကဲ​ ​မောင်မင်းကြီးသား ရှင်းစမ်းပါအုန်း"

"ကျွန်​တော်တို့ကြိုက်​​နေကြတာ နှစ်နှစ်​ကျော်ပါပြီ​မေ​မေ"

"ဘာ... အမ​လေး​လေး ရဲ​သွေး​မောင်။ငါကနင့်ကို​မွေးထားတာ ​ယောကျာ်းတစ်​ယောက်ဟဲ့ ။ဒီလိုမျိုး ​ယောကျာ်းချင်းကြိုက်ဖို့​မွေးထားတာမဟုတ်ဘူး"

If I were a BOY . . . [Completed]Where stories live. Discover now