Part 46

225 24 18
                                    

(Unicode)

ဒီ​နေ့က ကံ့​ကော် သုတလိုဟန်​ဆောင်​နေ​ထိုင်တာ သုံးရက်​မြောက်​နေ့ဖြစ်၏။Accident ဖြစ်ပြီးနှစ်ရက်အကြာမှာ သူ​မဆေးရုံက ဆင်းခွင့်ရခဲ့​ပေမယ့် သူမရဲ့ခန္ဓာကိုယ်က​တော့ ငြိမ်သက်စွာအိပ်စက်လျှက်ဘဲရှိ​နေ​လေသည်။နောက်တစ်ကြိမ်ထပ်စစ်​ဆေးပြီးဖြစ်​ပေမယ့် ကြီးကြီးမားမား ​ရောဂါရှာမရခဲ့​ပေ။အပြင်းအထန်ထိခိုက်တာမျိုးမရှိ​သော်လည်း ခန္ဓာကိုယ်ကပင်ပန်းလွန်းတာ​ကြောင့် သတိမလည်​သေးတာလို့ ဆရာဝန်​တွေကမှတ်ချက်ပြုသည်။မနက်ဖြန်ရက်မှာ မှသတိပြန်မလည်လာခဲ့ရင် ​ရန်ကုန်ကိုပို့​တော့မယ်လို့ ​ဖေ​ဖေက​ပြော​လာ​လေသည်။

ကံ့​ကော် သူမရဲ့ခန္ဓာကိုယ်ကိုမမှိတ်မသုန်ကြည့်​နေမိသည်။အသက်  ၁၈ နှစ်အထိ​နေထိုင်ခဲ့ဖူးတဲ့ဒီခန္ဓာ၊ ဒီရုပ်ရည်ကိုသ​ဘောကျခဲ့ဖူး​ပေမယ့် ​ယောကျာ်းတစ်​ယောက်ကိုချစ်မိလို့ ပထမဆုံးအကြိမ်မလိုချင်တဲ့ဆန္ဒမျိုးဖြစ်​​ပေါ်ခဲ့သည်။အဲ့ဒါ​ကြောင့်ပဲ အခုချိန်မှာသူမက ကိုကြီးရဲ့ခန္ဓာကိုယ်ထဲကို​ရောက်​နေခဲ့​လေပြီ။အလုပ်မလုပ်​တော့တဲ့ သူမရဲ့ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီး ဝမ်းနည်းစိတ်ဖြစ်ရ​​ပေမယ့် တစ်ဖက်က​တွေးမိပြန်​တော့လည်းပျော်ရွှင်ရ​​လေသည်။ဒီကိုယ်ခန္ဓာအလုပ်လုပ်နိုင်​သေးဘူးဆို​တော့တခြား ဝိညာဥ်​တွေလည်းယူသုံးလို့မရဘူးမလား။

ဘာလို့ဆို ဒီနှစ်ရက်အတွင်းမှာ သူမကိုတစ်​​ယောက်​ယောက်ကစိုက်ကြည့်​နေသလိုခံစား​နေရ​လေသည်။ဒါဟာကိုကြီးလား ၊လမ်း​ပျောက်ဝိညာဥ်ဖြစ်​နေတုန်းက ​တွေ့ခဲ့ရတဲ့အမျိုးသမီးလားဆိုတာကို သူမ မသိ​ပေ။သူမကို ​စောင့်ကြည့်​နေတဲ့သူဟာ ကိုကြီးဆိုရင်​တော့ သူခန္ဓာကို ပြန်လိုချင်တာကလွဲပြီး တခြားမရှိနိုင်​ပေ။

တောင်းပန်ပါတယ်ကိုကြီး ဒီတိုင်းဒီတိုင်း​လေးပဲ ​ပျောက်ကွယ်သွား​ပေးပါလား...။

"ဟဲ့ သားသား.."

"အင်..ဟင် ​မေ​မေ"

သူမအ​တွေးကမ္ဘာထဲ​နစ်​​မျောနေတာ ​မေ​မေ့အသံကြားမှသတိလည်လာခဲ့​တော့သည်။

If I were a BOY . . . [Completed]Where stories live. Discover now