Part 43

223 24 34
                                    

(Unicode)

"ကံ့​ကော် မသွားပါနဲ့ဟာ။​ဗေဒင်​တွေ​လျှောက်မေး​မနေပါနဲ့​တော့။အဲ့ဒါ​တွေက အလိမ်အညာ​တွေပါဟာ"

"အံ့ယွန်းကလည်း ခဏ​လေးပါဟာ။ငါတို့ ဒီ​​နေရာကို​တောင်​ရောက်လာပြီးပြီ​လေ ​နော်။ငါလည်းမယုံ​ပေမယ့် ဒီတိုင်း​မေးကြည့်ချင်လို့"

ကံ့​ကော်နဲ့အံ့ယွန်းက ​​ဗေဒင်​မေးဖို့ရည်ရွယ်ကာကျောင်းတစ်ပိုင်းဆင်းလာကြသည်။ကံ့​ကော်က တစ်​ယောက်တည်းလာချင်​ပေမယ့် မြို့ထဲကိုဆိုင်ကယ်စီးဖို့မကျွမ်းကျင်​သေးတာ​ကြောင့် အံ့ယွန်းကိုအရ​ခေါ်လာခဲ့သည်။ထက်ရဲ့ဆိုင်ကယ်ကိုခဏငှားလာ​ကြကာ ဘယ်သွားမလဲလို့လိုက်​မေးတဲ့ထက်ကို​တောင် အသိမ​ပေးခဲ့ကြ​ပေ။

"တကယ်ကြီးလား။ဒါ​ပေမယ့် ငါအထဲကိုမလိုက်ဘူး​နော်။ဟိုအနားက အ​အေးဆိုင်က​​စောင့်​နေမယ်ဖြစ်လား"

"ဟွန်း မိန်းမ ကိုကြီးကိုဖုန်း​ခေါ်​ပြီး​နေခဲ့မှာမလား သိသားပဲ"

ကံ့​ကော် မိမိရဲ့​ယောင်းမ​လောင်းကိုမျက်​စောင်းထိုးကာ​ပြောလိုက်​လေသည်။

"အဟင်းမဟုတ်ပါဘူးဟာ။ငါက ဒီအတိုင်းပဲကိုကိုထမင်းစားပြီးပြီလား၊ဘာလုပ်​နေလဲသိချင်လို့။ပြီး​တော့ နင့်ရဲ့ Annonie ကို​တွေ့​နေပြီဖြစ်​ကြောင်း ​ပြောချင်လို့ပါဟ"

"​အေးပါ ​အေးပါ"

အံ့​ယွန်းစကား​ကြောင့် ကံ့​ကော်​ကျေနပ်စွာပြုံးလိုက်သည်။ဒီအကွက်​တွေကိုကြိုမြင်တာ​ကြောင့် ကို​သွေးအား မိမိကို 'ကသူ'လို့​ခေါ်ဖို့​တောင်းဆိုလိုက်ခြင်းဖြစ်သည်။ Annonie အ​ကြောင်းကိုသိ​နေတဲ့ကိုကြီးက ကို​သွေးဟာ Annonie လို့သိသွားခဲ့ပြီဆိုရင် ကိုကြီးက ကို​သွေးဆီပြန်လာမယ်ဆိုတာလုံးဝမဖြစ်နိုင်​​တော့​​ပေ။

"ဟုတ်ပါပြီ ဒါဆိုငါသွားပြီ​​နော်"

"အင်း ငါဟိုးနားက​စောင့်​နေမယ်"

~~ တူ တူ တူ~~

ကံ့​ကော်ထွက်သွားပြီး​နောက် အံ့ယွန်း ကိုကိုဆီသို့​ဖုန်း​ခေါ်လိုက်သည်။ပထမတစ်ကြိမ်​ခေါ်​​ပေမယ့် ဆက်သွယ်မှုဧရိယာပြင်ပ​ရောက်​နေကာ ဒုတိယအကြိမ်ထပ်​ခေါ်မှဖုန်းဝင်​တော့သည်။

If I were a BOY . . . [Completed]Where stories live. Discover now