Part 44

199 23 16
                                    

(Unicode)

အ​ပြောကျယ်လှတဲ့ပင်လယ်ပြင်ပမာ အဆုံးမရှိတဲ့လွင်ပြင်ကျယ်ကြီးထဲမှာ ကံ့​ကော်ရဲ့စိတ်ဝိညာဥ်ဟာ ဦးတည်ချက်မရှိ​လျှောက်သွား​နေမိသည်။မည်သည်က​တောင်၊မည်သည်က​မြောက်ရယ်လို့ကွဲကွဲပြားပြားမသိသည့်အပြင် အကျိုးအ​ကြောင်း​မေးမြန်းဖို့ရ​အောင်​ဘေးဘီဝဲယာကိုကြည့်မိပြန်​တော့လည်း ​တိုက်တာအိုးအိမ်ရှိဖို့​ဝေးစွ ယုတ်စွအဆုံး​ခွေးတစ်​ကောင် ​ကြောင်တစ်မြီးမျှပင်မ​တွေ့ရ​ချေ။

ငါ ဘယ်​ရောက်​နေတာလဲ။ငါ ဘာဖြစ်​နေတာလဲ ။ဘယ်ကိုဆက်သွားရမှာလဲ...။

ဖန်တစ်ရာထပ်​နေပြီဖြစ်တဲ့ မေးခွန်း​တွေနဲ့အတူအကူအညီရလိုရငြား  အနီးနားပတ်ဝန်းကျင်မှာလူသူရှိမရှိ သူမ​ အော်ဟစ်​ကာအကူအညီ​တောင်းကြည့်မိသည်။

"ဘယ်သူရှိလဲ"

"ဘယ်သူရှိလဲ"

ပဲ့တင်ရိုက်သံကိုသာပြန်ကြားရ​လေသည်။

"ကျွန်မလမ်း​ပျောက်​နေလို့ပါ"

"ကျွန်မလမ်း​​ပျောက်နေလို့ပါ"

ပဲ့တင်သံမှာတစ်ပါး ပြန်​ဖြေသူတစ်ဦးတစ်​ယောက်မှထွက်​ပေါ်လာခြင်းမရှိခဲ့​ပေ။စိုးရိမ်​ကြောင့်ကျစိတ်တို့​ကြောင့် သူမအသံထွက်ငိုမိ​တော့သည်။

"ဟီး အီးအီး ။ငါက ငါကဘယ်​ရောက်​နေတာလဲ။ငါက ​သေသွားခဲ့ပြီလား"

"အို လမ်း​ပျောက်နေတဲ့ အသွင်​​ပြောင်းဝိညာဥ်​လေးပဲ"

ဂရုဏာသံလွှမ်းယှက်​နေတဲ့အသံ​လေး​ကြောင့် ​ကံ့​ကော်မော့ကြည့်​လိုက်​တော့ သူမကိုပြုံးပြီးကြည့်​နေတဲ့ ဝတ်စုံဖြူဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ဦး။အ​မွှေးနံ့သာ​တွေခြယ်သထားခြင်းမရှိ​ပေမယ့် ကြည်လင်​နေတဲ့မျက်နှာ​လေးက​အေးချမ်းစွာ။ထိုအမည်မသိအမျိုးသမီးကိုခုချိန်မြင်လိုက်ရတာဟာ သူမအတွက်အို​အေစစ်​လေးတစ်ခုကိုရှာ​တွေ့သွားသည့်နှယ်။

"ကျွန်မက အသွင်​ပြောင်းဝိညာဥ်တဲ့လား။ဒါဆို ကျွန်မက​သေသွားခဲ့ပြီလား"

"မိန်းက​လေးဘာမှမမှတ်မိဘူးလား။မိန်းက​လေးမ​သေ​သေးပါဘူး။မိန်းက​လေးက မ​တော်တဆမှု​ကြောင့် ခဏတာဝိညာဥ်လွင့်​နေတဲ့ လမ်း​ပျောက်နေတဲ့သူတစ်​ယောက်ပါ"

If I were a BOY . . . [Completed]Tempat cerita menjadi hidup. Temukan sekarang