(Unicode)
အခု သုတကမြန်မာပြည်ပြန်ဖို့ လေယာဥ်ပေါ်မှာဖြစ်သည်။၂၀၁၅ နှစ်ဦးပိုင်းကပဲရောက်နေခဲ့တဲ့ USကကိုယ့်အတွက်အမှတ်တရတွေများသလို၊အခက်အခဲတွေလည်းရှိသည့်နေရာတစ်ခုဖြစ်သည်။ပျော်ရွှင်ရတဲ့အချိန်တွေရှိသလို ဝမ်းနည်းစွာငိုခဲ့ရတဲ့နေ့တွေရှိသည်။ဥပမာဆိုရင် ဟိုနေ့က ဘဘကြီးဆုံးတော့သွားတွေ့ခွင့်မရတဲ့အခြေအနေမျိုးဖြစ်သည်။ခေတ်မှီတိုးတတ်နေတဲ့ ဒီနိုင်ငံကြီးက အလည်အပတ်သို့မဟုတ်မိသားစုနဲ့အတူရှိနေတယ်ဆိုရင်၊ပိုက်ဆံရှိနေတယ်ဆိုရင် တကယ်ကိုပျော်ဖို့ကောင်းပြီးနေသင့်တဲ့နေရာဖြစ်သည်။ဒါမဲ့ သုတတို့လို ပညာလာရှာတဲ့သူတွေအတွက်က တကယ်ကိုရုန်းကန်ခဲ့ရသည်။ကိုယ်လျှောက်ချင်တဲ့လမ်းကိုရောက်အောင်သွားဖို့ လိုအပ်တဲ့နည်းစနစ်က ဒီမှာရှိလို့သာ။သုတကအခုUS ကUniversity တစ်ခုမှာ Education:Teaching and Learning Techniques Course ကိုတတ်ရောက်နေတာဖြစ်သည်။ဆယ်တန်းအောင်စာရင်းထွက်တော့ ဆေးမှတ်တောင်မှီလုနီးပါးရှိတဲ့အမှတ်ရတဲ့ သုတက အဝေးသင်ကိုသာလျှောက်ခဲ့ပြီး scholar တွေလိုက်လျှောက်ခဲ့သည်။အဲ့ဒီကိစ္စကြောင့်ပဲဖေဖေနဲ့တစ်နှစ်လောက်စကားမပြောနိုင်ဖြစ်ခဲ့ကြသည်။နောက်ပိုင်းသုတUS ရောက်ပြီးမှမေမေကြားဝင်ဖျောင်းဖျခဲ့လို့ပြန်ခေါ်ခဲ့ကြခြင်းဖြစ်သည်။
သုတရဲ့အိမ်မက်က private school တစ်ခုဖွင့်ဖို့ဖြစ်သည်။တကယ်လုပ်ချင်တာက ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ပညာဒါနသွားသင်ပေးချင်တာဖြစ်ပေမယ့် မိမိနောက်ခံမိသားစု အခြေအနေအရပ်ရပ်ကြောင့် ကျောင်းဖွင့်ဖို့ရွေးချယ်လိုက်ရခြင်းပင်။
"Execue me,that's my place right?"
သုတ ကိုယ့်အတွေးနဲ့ကိုယ်ငြိမ်သက်နေတုန်း မိမိကိုစကားဆိုလာသူကို မော့ကြည့်ကာ တောင်းပန်စကားဆိုလိုက်ရ၏။
"Oh sorry"
လေးခုံတွဲပါထိုင်ခုံမှာ သုတက ပြတင်းပေါက်နားကထိုင်နေခဲ့ခြင်းဖြစ်သည်။လေယာဥ်မထွက်ခင် ခုံပိုင်ရှင်လည်း မရောက်သေးတာမို့ ခဏထိုင်နေမိတာပင်။ခရီးသွားရင် သုတကပြတင်းပေါက်နားကခုံကိုသာရွေးဝယ်တတ်သည်။လေယာဥ်လိုမျိုးဆိုပိုဆိုး။Window seat မှာပဲထိုင်ချင်သည်။ပြီးတော့ အဲ့ဒီနေရာကနေ တိမ်တွေကိုငေးကြည့်ရတာကိုသုတ သဘောအကျဆုံးဖြစ်သည်။ခုအခေါက်ကကိုယ်ကနေရာပြောဝယ်ပေမယ့် မရတော့လို့သာ။ဒါမဲ့အဲ့နေရာမှာပဲသုတထိုင်ချင်တာမို့ နေရာလဲဖို့ပြောကြည့်မိသည်။
YOU ARE READING
If I were a BOY . . . [Completed]
Romanceအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021