Part 6

376 50 2
                                    

(Unicode)

တနေ့ညကပဲ ဘုရားသွားမယ်လို့ ကံ့​ကော်​ခေါ်​ပေမယ့် အံ့ယွန်းကစိတ်မပါဘူး၊ထက်က သူ့​အမေကို​ဆေးခန်းလိုက်ပို့ရမယ်ဆိုတာရယ်​ကြောင့် ဒီ​နေ့မနက်မှပဲကံ့​ကော်တို့သုံး​ယောက် ပြည်ဆံ​တော်ကို​ရောက်လာကြ​တော့သည်။​​

ပြည်ဆံ​တော်စေတီ​တော်မြတ်ကြီးက မြို့လည်​ခေါင်မှာရှိတယ်ဆို​ပေမယ့် ဘုရားရိပ်တရားရိပ်မို့ တကယ်ကို​အေးချမ်းပြီး ​စေတီ​တော်ကသပ္ပါယ်လှသည်။ရင်ပြင်​ပေါ်ကိုမတတ်ခင်ကတည်းက က​လေး​လေး​တွေ​ရောင်းတဲ့ ​​ငွေပန်း၊ဇွန်ပန်းအစရှိသည်တို့ကိုဝယ်ယူခဲ့သည်။လူလတ်ပိုင်း​တွေ​ရောင်းတာထက် သက်ကြီးရွယ်အို​တွေ၊က​လေးငယ်​တွေရိုးရိုးသားသား​ရောင်းချပြီးပိုက်ဆံရှာ​နေတာကိုမြင်ရင်စိတ်ထဲတကယ်ကို ဝမ်းနည်းမိသည်။ပြီး​တော့ ကိုယ်ကူညီ​ပေးနိုင်တာကြီးကြီးမားမားမရှိ​သေး​ပေမယ့် တတ်နိုင်သည့်ဘက်ကကူညီခဲ့ကြသည်။

ဟုတ်တယ်​လေ။ တကယ်ဆိုလိမ်လည်လှည့်ဖျားခိုးစား​နေတဲ့သူ​တွေထက်သူတို့က​တောင်အများကြီးဂုဏ်ရှိပြီးပို​လေးစားဖို့​ကောင်းကြတယ်မလား။

စေ​တီ​တော်ကိုလက်ယာရစ်ပတ်ပြီး ကံ့​ကော်နဲ့ ထက် က ကြာသပ​တေးနံ​ထောင့်မှရှိခိုးကြပြီး အံ့ယွန်းက တနင်္ဂ​နွေ​ထောင့်မှာဘုရားဝတ်ပြုခဲ့သည်။ဘုရားကပြန်ဆင်းခဲ့ကြပြီး​နောက် မြို့ထဲက နည်းနည်းဆိတ်ဆိတ်ငြိမ်ငြိမ်ရှိတဲ့ ​ကော်ဖီဆိုင်​လေးတစ်ဆိုင်မှာထိုင်ပြီးမနက်စာ စားခဲ့ကြသည်။

"ဟဲ့ စာ​တွေရကြပြီလား"(ကံ့​ကော်)

"မရတရပါပဲဟယ် ။ထက်က​တော့​မေးစရာမလို​လောက်​တော့ဘူး ပိုင်​နေပြီ​ပေါ့ စာတော်ကြီးဟာကို"(အံ့ယွန်း)

"ငါက​တော့ အရင်တုန်းက​ပြောတဲ့အတိုင်းပဲ​အောင်ရင်​တော်ပြီ ဟီးဟီး"(ကံ့​ကော်)

"ကဲပါ ဟုတ်ပါပြီစားကြ​တော့ ​နောက်အပတ်ဆို private study ​ရောက်ပြီ။အရင်လိုပဲကံ့​ကော်အိမ်ပဲမလား"(ထက်)

"အင်း​ပေါ့ "(အံ့ယွန်း)

"​ဟေး ဒီတစ်​ခေါက်ငါ့ကိုကြီးအိမ်မှာရှိမယ်။သူပြန်လာမယ်တဲ့။ ငါတို့ကို Guideလုပ်ခိုင်းရမယ်"

If I were a BOY . . . [Completed]Hikayelerin yaşadığı yer. Şimdi keşfedin