(Unicode)
မြန်မာစံတော်ချိန် မနက်၉ နာရီ - US စံတော်ချိန် ည10နာရီ 30မိနစ်.....
~You're my sunshine,my only sunshine... you make me happy.... ~
ရုတ်တရက် ထမြည်လာတဲ့ဖုန်းသံကြောင့် သုတအိပ်နေရာမှ နိုးလာခဲ့၏။ဖုန်းက နာရီကို ကြည့်လိုက်တော့ ည ဆယ်နာရီတောင်ခွဲနေလေပြီ။
" အွန့် ..Hello အကို"
" Good Day သုကလေး ။ဘာလုပ်နေတာလဲ။ကိုယ်က မနက်စာခုမှစားဖြစ်တာ။သုကလေးအိပ်ပျော်နေတာလား"
" ဟုတ် ညနေကစာနည်းနည်း လုပ်နေရင်းအိပ်ပျော်သွားတာ အကို"
"စာလုပ်တာလည်းလုပ်ပေါ့သုကလေးရာ။ ကျန်းမာရေးကိုလည်းဂရုစိုက်ရမှာပေါ့"
"ဟုတ် အကို ဘာမုန့်စားနေတာလဲ ကျွန်တော့်ကိုနည်းနည်းကျွေး"
" အဟွန်း"
သုကလေးစကားကြောင့် ရဲသွေး ပြုံးမိသည်။ ကြည့်ပါအုန်း မိသားစုမှာသားအကြီးဆုံးဆိုပြီးလူကြီးဆန်ချင်တဲ့ ကောင်ငယ်လေးက သူနဲ့ကျရင် ကလေးလေးတစ်ယောက်လို။
ချစ်ရတဲ့ ငယ်ရေ... ကလေးဆန်ပါ၊ကြိုက်သလောက်ချွဲပါ၊ ရစ်ပါ၊တခြားသူတွေမသိတဲ့ ငယ့်ရဲ့တစ်ဖက်ခြမ်းကို ကိုယ့်ဆီမှာပဲပေးပြပါ။
"အကို ကျွန်တော်ပြောနေတာကြာလှပြီ ဘာလဲမကျွေးချင်တာလား"
" မဟုတ်ပါဘူးသုကလေးရဲ့။ ကိုယ် ရခိုင်မုန့်တီစားနေတာ။ စားချင်လား ကလေး"
"ဟာ စားချင်တာပေါ့ ကျွန်တော်က ရခိုင်မုန့်တီကိုအကြိုက်ဆုံးပဲ။ ပဲကြော်တို့ ၊ဘူးသီးကြော်တို့နဲ့ဆိုပိုကောင်း "
" အွန်း ကိုယ့်ဖေဖေလည်းရခိုင်မုန့်တီကြိုက်တယ်။ဖေဖေရခိုင်မှာအလုပ်သွားလုပ်တော့ အမြဲစားပါများလို့ စွဲသွားတာတဲ့။အဲ့ဒါကြောင့် အိမ်ကဒေါ်ကြီးတွေက ရခိုင်မုန့်တီချက်တတ်အောင်သင်ထားကြတာ"
"အကို ..ဟိုစားနေရင်းဖုန်းပြောနေတာလားရှက်စရာကြီး"
သုတ ရှက်ပြီး ဟိုလူကြီးကိုနှုတ်ခမ်းစူပြီးပြောမိသည်။ကိုယ်ဆိုတာလည်း သူနဲ့ပတ်သတ်ရင်တကယ်ကိုကလေးတစ်ယောက်ပမာ။
YOU ARE READING
If I were a BOY . . . [Completed]
Romanceအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021