(Unicode)
"ကျွန်တော် မသွားလို့မရဘူးလား ဖေဖေရာ"
"ဖေဖေ ဒီတစ်ခါတကယ်ကိုမအားလို့ပါသားရယ်။တကယ်ကို ဒီတစ်ခါပဲ"
"ဖေဖေတို့ ကျောက်မျက်ရတနာစျေးကွက်အကြောင်းကို ကျွန်တော်က သေချာသိသေးတာမဟုတ်ဘူးလေဗျာ။ပြီးတော့ ဒီလထဲမှာ ခရီးအသွားအလာများတယ်ဗျ။ agency မှာကျွန်တော်မရှိလို့မဖြစ်တာ ဖေဖေသိသားနဲ့"
ရဲသွေး သူ့အဖေကို အတင်းပင်အငြင်းစကားဆိုနေမိသည်။ဖေဖေက ကျောက်အရောင်းအဝယ် ကိစ္စနဲ့သူ့ကို US ကိုသွားဖို့စေလွှတ်လာသည်။ ဘိုးဘွားပိုင်ကျောက်တွင်းလုပ်ငန်းတွေကို သူစိတ်မဝင်စား။သူစိတ်ဝင်စားက ဘယ်ကိုခရီးထွက်ရမလဲရယ်၊တခြားသူ ခရီးထွက်ဖြစ်အောင် မိမိဘယ်လိုကူညီချိတ်ဆက်ပေးနိုင်မလဲဆိုတာရယ်။ဒါကြောင့်ပင် သူက Travel Agency အသေးလေးတစ်ခု တည်ထောင်ထားခြင်းဖြစ်သည်။
"မင်းမသွားလို့မဖြစ်ဘူး ရဲသွေးမောင်။ ဒီတစ်ခေါက်တော့သွားကိုသွားရမယ် ။ကျန်တဲ့ကိစ္စတွေကိုမေမေ ဝင်မပြောဘူး ခုက မင်းအဖေ ခရီးထွက်ဖို့အဆင်မပြေသေးတာမင်းသိသားနဲ့"
"ဟုတ်ပါပြီ မေမေရာ ဟုတ်ပါပြီ။သားဘဲ သွားလိုက်ပါ့မယ်"
စီးပွားရေးလုပ်ငန်းကိစ္စတွေနဲ့ပတ်သတ်ရင် ဘာတစ်ခုမှဝင်ပြောခြင်းမရှိတဲ့ မေမေကပါဝင်ပြောလာတော့ ရဲသွေးငြင်းလို့မရတော့ပေ။လုပ်ငန်းကိစ္စနဲ့ဆိုပေမယ့် ခရီးထွက်ဖြစ်သွားတာပေါ့ဟုပင်တွေးကာ အိမ်ပေါ်တတ်ပြီး ခရီးသွားဖို့သာ ပြင်ဆင်လိုက်တော့သည်။
ရဲသွေး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်နေသည်မှာ ၁၅ မိနစ်ခန့်ရှိနေပြီဖြစ်၏။နိုင်ငံတကာခရီးသွားလာသူတွေနဲ့ စည်ကားလျက်ရှိတဲ့ လေဆိပ်က အတန်ငယ်တော့ ဆူညံနေသယောင်။ရဲသွေး နားကြပ်တပ်ပြီး တစ်ချက်မှေးမယ်ကြံလိုက်ပေမယ့် မျက်လုံးထောင့်မှာပေါ်လာတဲ့အဖြူရိပ်လေးတစ်ခုကြောင့် ထိုအရိပ်လေးဆီကို အာရုံလွှဲပြောင်းလိုက်လေသည်။Hoodie အဖြူရောင်လေးနဲ့ကောင်ငယ်လေးကတော့ သူ့ကိုသတိထားမိသည့်ပုံမရပေ။
YOU ARE READING
If I were a BOY . . . [Completed]
Romanceအကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... အကယ်၍ကျွန်မသာ ယောကျာ်းလေးတစ်ယောက်ဖြစ်တယ်ဆိုပါစို့..... Pic - PicsArt Start Date :19.10.2020 End Date : 01.07.2021