(Unicode)8လကြာသော်.....
"ဒီအစည်းအဝေးကိုဒီမှာတင်အောင်မြင်စွာအဆုံးသတ်လိုက်ရအောင်''
ဂျီမင်း၏စကားဆုံးသည်နှင့် လက်ခုပ်သြဘာတီးကြသောရှယ်ယာရှင်များ။
"Mr. Park ခင်ဗျားသိပ်တော်တယ်ဗျာ...ဒီ ၈လအတွင်း ပြိုလဲမလိုဖြစ်ခဲ့တဲ့ Agust D company ကြီးကို ခင်ဗျားပြန်ထူထောင်နိုင်ခဲ့တာတကယ်လေးစားဖို့ကောင်းတယ်''
ထိုရှယ်ယာရှင်စကားကိုကြားတော့ သူခပ်သော့သော့ရီမိလိုက်သည်။
ထိုလူကတော့သူ့အားပုခုံးကိုတစ်ချက်ပုတ်ကာ..."Min Yoongiခြေရာအတိုင်းလိုက်နင်းနိုင်တာတကယ်လေးစားပါတယ်ဗျာ''
သူဘာမှမဆိုမိ ဒီတိုင်းသာပြုံးထားမိသည်။
"ကဲ ဒါဆိုကျနော်တို့ပြန်တော့မယ်''
"ကောင်းကောင်းသွားပါ Mr. Lee''
ရှယ်ယာရှင်တွေပြန်သွားသည်နှင့် ဂျီမင်းအစည်းအဝေးခန်းထဲမှထွက်လာကာ ရုံးခန်းထဲသို့ရောက်သည်နှင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ အကျီအပေါ်ကြယ်သီးတစ်လုံးနှစ်လုံးအားဖြုတ်ကာ ထိုင်ခုံပေါ်ထိုင်မိလိုက်သည်။
မျက်လုံးတို့ကိုမှိတ်ကာအနားပေးထားသည့်သဘော။
မျက်လုံးတို့မှိတ်လျက်ပင် ဂျီမင်း မန်နေဂျာ Byunအားစကားဆိုမိသည်။
"မန်နေဂျာ Byun ဒီနေ့ ဘယ်သွားစရာတွေရှိသေးလဲ''
"ကျန်တဲ့အချိန်ဇယားတွေအရ ဒီအစည်းအဝေးပြီးရင် ဆေးရုံသွားရပါဦးမယ်''
"ဆေးရုံ ''
ထိုဆေးရုံဆိုသည့်အသံကြားသည်နှင့် ဂျီမင်းမှိတ်ထားသည့်မျက်လုံးတို့အားဖွင့်ကာ မျက်နှာထက် အဓိပ္ပါယ်ဖော်မရသောမျက်ဝန်းတို့ကပြည့်နှက်လျက်။
_______________________________
ဆေးရုံအခန်းထဲဝင်လိုက်သည်နှင့် ပိုးသတ်ဆေးအနံ့ကနှာခေါင်းထဲတိုးဝင်လာခဲ့သည်။
လက်ထဲ၌လီလီပန်းစည်းနှင့် Hyungရှိရာဆီသို့အထပ်ပေါင်းများစွာတက်သွားသည်။
ဆေးရုံအခန်းတံခါးဖွင့်လိုက်သည်နှင့် ကုတင်ပေါ်၌ငြိမ်သက်စွာနေနေပါသော သူ၏ချစ်ရသည့် Hyung!
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔