*16*

1K 176 30
                                    

(Unicode)

အဖြူရောင်မဂ်လာခန်းမကြီးထဲဂုဏ်သရေရှိ
ဧည့်သည်များစုံလင်စွာရောက်ရှိနေလေသည်။ မင် groupရဲ့သူဌေးလက်ထပ်ပွဲမို့ အတော်ပင်ကျော်ကြားလှသည်။ ပိုစိတ်ဝင်စားဖို့ကောင်းနေသည်က တစ်ချိန်က ညီတစ်ဝမ်းကွဲပါဟု မိတ်ဆက်ပေးခဲ့သောကောင်လေးက သူဌေးမင်ရဲ့ချစ်သူဖြစ်နေသည်တဲ့လေ။

အခုဆိုသူဌေးမင်ရဲ့ဇနီးဟောင်း ဆောင်အွန်းဂျီကလည်းကွယ်လွန်သွားပြီဆိုသည့်အတွက် သူဟာလူလွတ်တစ်ယောက်ဖြစ်သွားပြီ။ဒါကြောင့်သူနောက်အိမ်ထောင်ပြုတာကိုဘယ်သူမှအပြစ်တင်လို့လည်းမရပေ။

"ဂျီမင်းရေ...ပွဲချိန်နီးပြီ ခဏနေထွက်လာတော့နော်"

အားလုံးပြင်ဆင်ပြီးယွန်းဂီအလာကိုထိုင်စောင့်နေသောဂျီမင်းခမျာ တံခါးဆွဲဖွင့်သံကြားတော့ယွန်းဂီအလာမှတ်၍ပြုံးမိလိုက်သော်လည်း ထိုသူမှာတော့ ယွန်းဂီမဟုတ်။ Hyungရဲ့သူငယ်ချင်း မိသားစုဆရာဝန်ဖြစ်သည့် ကင်မ်နမ်ဂျွန်းပင်။

"ဟုတ်ကဲ့ ခဏနေကျနော်လာခဲ့ပါ့မယ်"

အသံလေးက ဖျော့တော့တော့ရယ်ပါ၊ သူပြောလိုက်တဲ့စကားကအတော်လွန်သွားတာ။ ယွန်းဂီရဲ့အချစ်တွေကိုစော်ကားလိုက်သလိုဖြစ်သွားတာ၊ Hyungကသူ့ကိုဘယ်လောက်ချစ်လဲဆိုတာသိသိရက်နဲ့ ပြောမိလိုက်တာ။ အခုတော့ Hyungကစိတ်ဆိုးပြီး မဂ်လာဆောင်နေ့မှာတောင်သူ့ဆီမလာပေ။ စကားလည်းမပြောပေ၊ ပြုံးလည်းမပြုံးပြပေ။

အချိန်တန်ရင်အဆင်ပြေသွားမှာပါ ဟုအားတင်းကာ မဂ်လာခန်းမကြီးထဲသို့လျှောက်လာခဲ့သည်။

အဖြူရောင်မဂ်လာကော်ဇောထက် အဆုံး၌သတို့သားမင်ယွန်းဂီရှိပါသည်။ တစ်ဖက်တွင်တော့ နတ်သားရှုံးအောင်လှရက်နေသော သတို့သား ပတ်ဂျီမင်းရှိပါသည်။

"သွားရအောင် "

ကမ်းပေးနေသော နမ်ဂျွန်းလက်ကိုကိုင်ကာလျှောက်၍ကော်ဇော်အဆုံး၌ရှိသောယွန်းဂီထံသို့ရောက်ရှိသွားသည်။

လှပခန့်ညားစွာတည်ရှိနေသော သူချစ်ရသူ Hyungက အခုထိစိတ်ဆိုးမပြေသေးပုံပေါ်သော်လည်းလက်လေးကမ်းကာကြိုဆိုရှာသည်။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now