*27* (Final)

2K 168 166
                                    

(Unicode)

ညဘက်အမှောင်ယံတို့က ကြီးစိုးလျက်၊ မိုးခြိမ်းသံတွေတအုန်းအုန်းဖြစ်ပေါ်လျက်ရှိသည်။ ပတ်ဝန်းကျင်အပြင်ဘက်တွင်မိုးများက သည်းထန်စွာရွာသွန်းခြင်းပြုနေသလို အခန်းထဲရှိတစ်​ယောက်သောသူရဲ့ရင်ထဲ၌လည်း ပူလောင်မှုသောကတို့ကလွှမ်းခြုံလျက်ရှိသည်။

ဒီနေ့ညက ယွန်းဂီအလုပ်ကိစ္စ Dinnerပွဲတစ်ခုသွားစရာရှိသည်ဆိုကာ ညမိုးချုပ်နေခြင်းပင်။ အချိန်အားဖြင့်ည၁၀ နာရီ။ ယွန်းဂီကအတူသွားရန်သူ့ကိုခေါ်ပါသော်လည်း နေ့လည်က ဆေးရုံမှာဖြစ်ခဲ့တဲ့ကိစ္စကြောင့်သူမလိုက်ချင်ဘဲ ငြင်းလိုက်မိသည်။

ကုတင်ထက်တွင်ဂျီမင်းထိုင်ကာ လက်ထဲ၌ဆွန်းဂျယ်ဟီးရဲ့ကိုယ်ဝန်ဆေးမှတ်တမ်းစာရွက်အားကျစ်ကျစ်ပါအောင်ဆုပ်ထားပြီးစိုက်ကြည့်နေမိသည်။ သေချာပါတယ် ဒါလူတွေတစ်ခါမှမဖြင်ဖူးတဲ့သူ့ရဲ့ Dark Sideဘဲ။

သူ့အချစ်ထင်သလောက်မရိုးရှင်းဘူး၊ အတ္တ မာန လောဘအကုန်ပါတယ်။ ဒီကမ္ဘာမှာသူသတ်မှတ်ထားတဲ့အရာတစ်ခုရှိတယ် အဲ့ဒါဟာ မင်ယွန်းဂီဟာ ပတ်ဂျီမင်းအပိုင်ဘဲ။ မင်ယွန်းဂီကိုပတ်ဂျီမင်းလက်ထဲကနေဘယ်သူမှလုယူလို့မရဘူးဆိုတဲ့သတ်မှတ်ချက်ဘဲ။ သူ့ရဲ့အဲ့ဒီသတ်မှတ်ချက်ကိုလာချိုးဖောက်တဲ့လူတိုင်းကိုဘယ်သူမဆိုသူသတ်မိမှာ။

အခုတော့ထိုသတ်မှတ်ချက်ကိုသူမကလာချိုးဖောက်လေသလား။နောက်ဆုံးသူကြောက်ခဲ့တဲ့အရာကြီးကတကယ်ဖြစ်လာခဲ့ပြီဘဲ သူဝဋ်ပြန်လည်ခဲ့ပြီ....။

နေ့လည်က ဆေးရုံအောက်ထပ်ကော်ဖီဆိုင်မှာသူမပြောခဲ့သည့်စကားတွေကသူ့နားထဲပဲ့တင်သံထပ်ကာရှိနေသည်။

"မင်းမှတ်မိမှာပါ လွန်ခဲ့တဲ့သုံးလကျော်လောက်တုန်းက မင်းကိုယ်ဝန်ပျက်ကျခဲ့ပြီးယွန်းဂီကိုစိတ်ဒုက္ခမျိုးစုံပေးခဲ့တာကိုလေ"

တကယ်ဘဲ သူကယွန်းဂီအပေါ်စိတ်ဒုက္ခမျိုစုံပေးခဲ့မိတာလား၊ လွန်ခဲ့တဲ့ခြောက်နှစ် ဟျောင်းနဲ့စတွေ့တုန်းကအချိန်တွေကနေတစ်ကျော့ပြန်ရီပြီးလက်ရှိပစ္စုပ္ပါန်ကိုရောက်ရှိလာတော့ သေချာတာပေါ့ သူ့ကြောင့် ဟျောင်းပင်ပန်းခဲ့တာတွေ၊ စိတ်ဒုက္ခရောက်အောင်လုပ်ခဲ့တာတွေက မနည်းဘဲ။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now