*12*

1.1K 194 78
                                    

(Unicode)

ဒီနေ့က Sunday ရုံးပိတ်ရက်မို့ မနေ့ညက ဟျောင်းပြောသည့်အတိုင်း ဒီနေ့တစ်နေကုန်သူတို့နှစ်ယောက် ဆံပင်အရောင်ပြောင်းမည်၊ shoppingထွက်မည်၊စားချင်တာတွေစားကြမည်။ ဒါလေးကတော့ Dateမဟုတ်တဲ့ Dateလေးပေါ့....

"Hyung ကြာလိုက်တာဗျာ မြန်မြန်လုပ်လေအအေးမိလိမ့်မယ်"

ဂျီမင်းက ရေချိုးခန်းအပြင်ကနေအော်လျက်၊အထဲကလူကတော့ကြားမည်လားမသိ သူကတော့အာပေါက်အောင်အော်ပြောနေမိသည်။

"ပြီးပြီ...လာပြီ"

ရေချိုးခန်းထဲမှယွန်းဂီက ပြန်လည်အသံပြုတော့ ဂျီမင်းတစ်ချက်ပြုံးသွားရသည်။

"ဒီမှာ Hyungဝတ်ဖို့်အကျီ ကျနော်ထုတ်ထားတယ်နော်"

"အင်း ကုတင်ပေါ်မှာချထားလိုက်ဘေဘီ ကိုယ်ရေချိုးလို့ပြီးတော့မယ်"

ဂျီမင်းကတော့အကုန်ပြင်ဆင်ပြီးပြီဖြစ်၍ ယွန်းဂီအတွက်အကျီနဲ့ဘောင်းဘီထုတ်ပေးကာကုတင်ပေါ်ထားခဲ့ပေးပြီး အောက်ထပ်တွင်ရပ်ထားသောကားအားစစ်ဆေးရတော့သည်။

တကယ်တော့ သွားမှာက 9နာရီဆိုပေမယ့် ယွန်းဂီက 10နာရီလောက်မှနိုးလာလေသည်။ အကြောင်းမှာ သူတို့နှစ်ယောက်ညကအချစ်ပွဲကိုတစ်ပွဲတစ်လမ်းဆင်နွဲထားသောကြောင့်ပင်။

ယွန်းဂီနိုးလာတာက10နာရီဆိုပေမယ့်ကိုယ်တော်ချောမှာညက ပင်ပန်းသည်ထင်၊ ငါးမိနစ်ဘဲဆိုပြီးလက်ငါးချောင်းသူ့အားထောင်ပြပြီးနာရီဝက်လောက်ပြန်အိပ်ပျော်သွားပါလေရဲ့။ ဘယ့်နှယ်သူ့ကိုအားမနာ တကယ်တမ်းပင်ပန်းရမယ်ဆိုဟောဒီက ပတ်ခ်ဂျီမင်းလေးပါနော်...

ဘယ့်နှယ်အောက်ကလူကမပင်ပန်းပါဘဲနဲ့အပေါ်ကလူကပင်ပန်းရတယ်လို့ ရာဇဝင်ရိုင်းခဲ့ပြီ။''(
တကယ်တမ်းတွေးကြည့်တော့လည်းဟုတ်တုတ်တုတ်ပင် ဒီဟျောင်းဆိုတဲ့လူကြီးကလည်းခွဲခွာရတဲ့အချိန်တွေကများခဲ့တော့အခုမှအတိူးချပြီးချစ်နေတယ်ထင်ပါရဲ့။

ထိုအကြောင်းတွေကိုတစ်ယောက်တည်းတွေးရင်း ရယ်မိလိုက်သူကဂျီမင်းပင်။ ဘာရယ်မဟုတ်...ဟျောင်းနဲ့ပက်သက်လာရင်အသေးအဖွဲလေးကအစ သူ့အတွက်သိပ်ကိုတန်ဖိုးရှိလွန်းလှသည်မလား၊ သူ့ကိုပျော်ရွင်အောင်လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက မင်ယွန်းဂီ ဆိုတဲ့ဟျောင်းပင်။ ထို့ကြောင့် သူဟျောင်းကိုသိပ်ချစ်ပါ၏။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now