(Unicode)
အချစ်ဆိုတာဆန်းကြယ်တယ်လို့လူတွေကပြောကြတယ်။တကယ့်တကယ်မှာလည်းအချစ်ကဆန်းကြယ်တာပါဘဲ။ ကိုယ့်ကိုသူကချစ်နေချိန်မှာ ကိုယ်ကသူ့ကိုမုန်းနေတာမျိုး။ ဟော..သူကမချစ်တော့ပါဘူးငါမင်းကိုအရမ်းမုန်းတယ်ဆိုတဲ့အချိန်ကျတော့ ကိုယ်ကသူ့ကိုမတရားချစ်မိသွားတာမျိုး။ အချစ်ကချိုမြိန်ပါတယ်။ နာလည်းနာကျင်ရတယ်.အခ်စ္က တစ်ခါတစ်လေမှာ ကွဲအက်သွားတဲ့မှန်ချပ်တွေလိုဘဲ တစ်စစီကွဲထွက်သွားပြီဆိုရင်နဂိုမူလအတိုင်းပြန်မဖြစ်နိုင်တော့တာမျိုး။
အခုသူ့အဖြစ်က ဆုပ်လည်းစူး စားလည်းရူးဆိုသလို ကွဲအက်သွားတဲ့အချစ်တွေကိုနဂိုမူလအတိုင်းပြန်ဖြစ်ဖို့သူကြိုးစားနေမိပါတယ်လို့ပြောရင် သူ့ကိုလူတွေဝိုင်းဟားကြလိမ့်မယ်။ ပြတ်ထွက်သွားတဲ့ကြိုးတစ်ချောင်းကိုပြန်ဆက်ရင်အနည်းဆုံးတော့ ဆက်ရာဆိုတာကျန်ရှိနေခဲ့တာဘဲ။ အခုသူတို့ရဲ့ပြတ်ထွက်သွားတဲ့သံယောဇဉ်ကြိုးကို ပြတ်ရာမရှိနဂိုမူလအတိုင်းပြန်ဖြစ်အောင်သူကြိုးစားနေတာ သူရူးသွားပြီလား။ ဟုတ်တယ် သူရူးသွားပြီ ဘာရူးလည်းဆိုတော့ မင်ယွန်းဂီကိုချစ်တဲ့အချစ်ရူး။
"ရှင်နိုးလာပြီလားရှင်နိုးလာရင်စားဖို့ကျမမုန့်လေးပြင်ပေးထားတယ် ဒါပြီးရင်ဆေးသောက်ရမယ်''
ယွန်းဂီသူမအားနားမလည်စွာကြည့်လိုက်သည်။ ယွန်းဂီ၏အကြည့်တွေကိုတွေ့တော့မှသူမမေ့နေတဲ့တစ်ချက်ကိုသတိပြန်ရလာသလို။
သူမခပ်သော့သော့တစ်ချက်ရီလိုက်သည်။
"ကျမကပြောသာပြောနေတာ ကိုယ့်ကိုယ်မိတ်ဆက်ဖို့မေ့နေတာဘဲ ကျမနာမည်က ဆွန်းဂျယ်ဟီးပါ ရှင့်ကျန်းမာရေးကိုဂရုစိုက်၊ဆေးပုံမှန်တိုက်၊လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ့် Special nurseပေါ့''
သူမပြောလိုက်မှ ယွန်းဂီနားလည်သွားသည့်ဟန်ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
"ဒါဆို ခင်ဗျားက ကျနော့်ရဲ့ Special nurseပေါ့''
"ဟုတ်တာပေါ့ ဂျီမင်းကိုယ်တိုင်ခေါ်ခဲ့တာ ကျမကအရင်က nurseလေ personal caseလေးကြောင့်အလုပ်ကထွက်လိုက်ရတာ အခုကျမမိသားစုအတွက်ပိုက်ဆံလိုနေတာတစ်ကြောင်း၊ ပြီးတော့ဒီnurseမကလည်းကျမကျွမ်းကျင်တဲ့အလုပ်ဘဲလေ အဲ့ဒါကြောင့်ဂျီမင်းကမ်းလှမ်းတာကိုလက်ခံလိုက်တာ''
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔