(Unicode)
မနက်ခင်းရာသီဥတုက အေးစိမ့်စိမ့်နှင့်ပတ်ဝန်းကျင်အပြင်ဘက်တွင်မိုးဖွားလေးများက ရွာသွန်းကျဆင်းလျက်ရှိသည်။ ရွာသွန်းနေသောမိုးဖွဲများမှာ အခန်းပြတင်းပေါက်သို့လာရောက်ထိခတ်သဖြင့် ငွေ့ရည်ပျံကာရေငွေ့လေးတွေဖြစ်နေလေသည်။
ရာသီဥတုကချမ်းစိမ့်စိမ့်မလို့မနက်ခင်းအိပ်ရာထဲကနေ သူမထချင်တော့ပေ။ ဂျီမင်းအိပ်ပျော်နေရာမှမျက်လုံးလေးအသာဖွင့်ကာနိုးလာပြီး လှဲနေရာမှကုတင်ပေါ်ထိုင်လိုက်ကာ တစ်ချက်သန်းလိုက်သည်။
"ဝါး~~~"
လက်လေးကိုမြှောက်ကာ ခေါင်းကိုဘယ်ချို့ညာချိုးလှည့်လိုက်တော့သူ့ကိုယ်ပေါ်ရှိစောင်က ကွာကျသွားသည်။ထိုအခါပေါ်ထွက်လာပါသောသူ့ရဲ့ဗလာကျင်းသည့်အပေါ်ပိုင်း။ ကုတင်ဘေးရှိအိပ်ပျော်နေသောဟျောင်း ကိုကြည့်လိုက်တော့ အပူအပင်မရှိအိပ်ပျော်နေတုန်းပင်။
သူ ယွန်းဂီရဲ့မျက်နှာနားလေးသို့တိုးကပ်သွားကာ အစိတ်အပိုင်းတစ်ခုစီအသာအယာတို့ထိပြီးကုတင်ပေါ်လက်ထောက်ကာစိုက်ကြည့်နေသည်။ သူ့အောက်ပိုင်းကတော့စောင်ဖြင့်ဖုံးထားဆဲ။ ဘာလို့ဆိုညက သူနဲ့ဟျောင်းတို့အချစ်ပွဲနွှဲထားကြသည်လေ။
သူ့ဘက်ကအတင်းတောင်းဆိုလို့ဟျောင်းလိုက်လျောပေးခဲ့တာ ပင်ပန်းသွားပြီပေါ့လေ။ တကယ်ဆိုခံရတာကသူပါ ဒါပေမယ့်အမြဲပင်ပန်းတာဟျောင်းဖြစ်နေတော့သူ ခစ်ခနဲတစ်ချက်ရီမိလိုက်သည်။
"အခုဆိုဟျောင်းကို ကျနော်ပိုင်ဆိုင်ရပြီ"
ယွန်းဂီရဲ့ပါးဖောင်းဖောင်းလေးအားလက်ဖြင့်တို့ထိကာ ပြုံးပြီးပြောလေသည်။ သူဟျောင်းကိုချစ်တယ် ချစ်လွန်းလို့ကိုအခုလိုလုပ်ခဲ့တာ သူမလွန်ဘူးမလား။
*တောင်းပန်ပါတယ်ဟျောင်း ဒီတစ်သက်လုံးဟျောင်းကိုကျနော်ပိုင်ဆိုင်ပါရစေ နောက်ပြီးတော့ဒီအကြောင်းအရာတွေကိုလည်းကျနော်ဟျောင်းကိုပြောပြမှာမဟုတ်ဘူး*
ဒီစကားတွေကိုတော့သူ့စိတ်ထဲတွင်သူတစ်ယောက်သာသိအောင်ရေရွတ်မိသည်။ ရိုးရှင်းသည်၊ သူ့အချစ်က ယွန်းဂီအပေါ်ပိုင်ဆိုင်ချင်စိတ်ပါသည်။ အတ္တ၊မာန၊လောဘ အကုန်ပါဝင်သည်။ ဒါကြောင့် မင်ယွန်းဂီကိုပတ်ဂျီမင်းသာပိုင်သည်ဟု သူ့စိတ်ထဲတွင်ဆုံးဖြတ်ထားခဲ့လေသည်။
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔