*22*

930 141 53
                                    

(Unicode)

အားလုံးထင်ကြသည့်အတိုင်းသူ့ရဲ့ရွေးချယ်မှုဟာ ပတ်ဂျီမင်းပင်ဖြစ်သည်။ ဘာလို့လဲဆိုရင်သူ့ဘဝမှာမရှိမဖြစ်အလိုအပ်ဆုံးလူသားက ပတ်ဂျီမင်းတစ်​ယောက်သာရှိသည်။ သူ့ရဲ့အရင်းနှီးဆုံးလူသားကိုပြပါဆိုလျှင်လည်း ပတ်ဂျီမင်းကိုသာသူလက်ညှိုးထိုးပြပါမည်။

အင်း...ကလေး မေးကြလိမ့်မယ် ဒါဆိုရင်သွေးလေးကရော၊ ရင်သွေးလေးကလည်းကျနော့်သွေးသားမဟုတ်ဘူးလားတဲ့။ ဘာလို့မရွေးချယ်တာလဲမေးကောင်းမေးကြလိမ့်မယ်။

အဲ့မေးခွန်းရဲ့အ​ဖြေကိုကျနော်ဖြေရမယ်ဆိုရင်လွယ်ပါတယ်။ ဘယ်သူကများကိုယ့်သွေးသားအရင်းတစ်​ယောက်လုံးကိုအဆုံးရှုံးခံနိုင်ပါ့မလဲ ဒါပေမယ့်သူ့ဘဝမှာပတ်ဂျီမင်းသာပိုအရေးကြီးတယ်။ အကယ်၍သူသာရင်သွေးလေးကိုရွေးချယ်လိုက်မယ်ဆိုရင် ကလေးရဲ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ မိဘမစုံမလင်ဖြစ်နေရတော့မှာ။

အရှင်းဆုံးပြောရရင်သူ ပတ်ဂျီမင်းကိုချစ်တယ်။ ပတ်ဂျီမင်းကိုအဆုံးရှုံးမခံနိုင်လို့သူဒီလိုရွေးချယ်ခဲ့တာ။ နောက်မှအငှားကိုယ်ဝန်ဆောင်နဲ့လည်းအဆင်ပြေမှာပါ။မဟုတ်လည်း ကလေးမရှိလည်းဘာဖြစ်လဲ သူပတ်ဂျီမင်းကိုချစ်ခဲ့တာ ကလေးလိုချင်လို့မှမဟုတ်တာ။

ဒါပေမယ့် ဖခင်တစ်ယောက်ရဲ့ရင်ထဲကခံစားချက်ကတော့ကိုယ့်ရင်သွေးဆိုသည့်အသိက ခြောက်လန့်နေသလိုပင်။

ဂျီမင်းအားခွဲခန်းထဲမှထုတ်လာကြပြီးနောက် ဆရာဝန်နဲ့ nurse မတွေမှ VIP roomထဲသို့ပြောင်းကာဆေးချိတ်ပေးထားကြသည်။

ယွန်းဂီလည်း အခန်းထဲသို့ဝင်လာခဲ့ကာ ဂျီမင်းကုတင်ဘေးရှိခုံပေါ်တွင်ဝင်ထိုင်လိုက်ပြီးဖြူဖျော့ဖျော့လက်လေးကိုဆုပ်ကိုင်လိုက်သည်။ဆေးရုံကုတင်ထက်ရှိဂျီမင်းကတော့ ဆေးပိုက်တန်းလန်းနဲ့အိပ်မောကျနေလေသည်။

"ဘေဘီရယ် မိုက်လိုက်တာကိုယ့်ဆီမလာပါနဲ့၊ဂရုစိုက်ပါလို့အတန်တန်တားနေတဲ့ကြားထဲကနေဖြစ်အောင်ကိုဖြစ်သွားသေးတယ်ကွာ"

ဂျီမင်းရဲ့လက်သေးသေးလေးကိုဆုပ်ကိုင်လိုက်ကာ သူ့နဖူးလေးနဲ့ကပ်ပြီးအသံတိတ်ငိုကြွေးနေမိသည်။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now