*15*

965 162 28
                                    

(Unicode)

"Hyung ဘာတွေဘယ်လိုဖြစ်သွားတာလဲ ကျနော့်ကိုပြောပြဦး"

ကားပေါ်တွင်ဘေးနားမှထိုင်ကာ ဂျီမင်းမှတွတ်ထိုးသလိုမေးနေသော်လည်းယွန်းဂီကတော့ကားမောင်းလျက်ပင်ဘာမှပြန်ဖြေခြင်းမရှိ။

" Hyung ကျနော်မေးတာဖြေဦးလေ ဘာတွေလဲလို့"

အသံက တဖြည်းဖြည်းကျယ်လောင်လာပါသော်ငြားလည်း ယွန်းဂီကတော့အေးဆေးစွာတစ်ခွန်းဘဲ ပြန်ဖြေလိုက်လေသည်။

"ကိုယ်ကားမောင်းနေတယ် အိမ်ရောက်ရင်အကုန်ပြန်ရှင်းပြမယ် ဟုတ်ပြီလား"

ယွန်းဂီဘက်မှထိုသို့ပြောလိုက်တော့ ကျစ်ဆိုသည့်စုပ်သပ်သံနှင့်အတူဂျီမင်းဆံပင်များကိုထိုးဖွလိုက်သည်။

"ဆင်းတော့..."

အိမ် ပေါ်တီကိုအောက်ကိုရောက်တော့ ယွန်းဂီဘက်မှတံခါးစဖွင့်ကာထွက်လာလိုက်ပြီးဂျီမင်းဘက်သို့တံခါးဖွင့်ပေးလိုက်ကာအိမ်ထဲသို့ဆွဲခေါ်လာသည်။

"ပြောတော့ အခြေအနေတွေကဘာတွေဘယ်လိုဖြစ်သွားတာလဲ.. ကျနော်ဘာမှနားမလည်နိုင်တော့ဘူး"

"အဲ့ဒါက ကိုယ်ရှင်းပြမယ်"

ယွန်းဂီ ဂျီမင်း၏ပုခုံးကိုဆုပ်ကိုင်လိုက်ကာ လေသံခပ်အေးအေးနှင့်ပြောလိုက်မိသည်။

" ခဏ ခုနက Company မှာဟျောင်းပြောသွားတာ အတိတ်မမေ့ဘူးဆို အဲ့ဒါအမွန္လား"

ဂျီမင်း ယွန်းဂီ၏မျက်လုံးတည့်တည့်သို့စိုက်ကြည့်လိုက်ကာမေးလိုက်တော့ ပြောစရာစကားပျောက်ရှကုန်၏။

"ကျနော်မေးတာဖြေလေ တကယ်ဘဲအဲ့ဒါအမှန်ဘဲလား"

"ဟုတ်တယ် ငါအတိတ်မမေ့ဘူး အတိတ်မေ့ချင်ယောင်ဆောင်ခဲ့တာ ဖြစ်ခဲ့တဲ့ကိစ္စတွေကိုမေ့ဖျောက်ပြီးမင်းနဲ့အတူနေချင်လို့"

"ဘာ!"

ဂျီမင်း တစ်ချက်အံ့သြသွားရသည်၊ လွန်ခဲ့တဲ့တစ်နှစ်က ကိစ္စကြောင့် Hyungသူ့ကိုအထင်လွဲပြီးမုန်းနေမှာလို့သူထင်ခဲ့မိသည်။
ဒါကြောင့် hyungအတိတ်မေ့သွားသည်ကိုက သူ့အတွက်အခွင့်အရေးတစ်ခုလို့ပင်သူယူဆခဲ့သည်။ ဒါကြောင့်လည်း Hyungကိုပင်အတိတ်ကိုသတိရစေတဲ့အကြောင်းတွေတောင်သူမပြောခဲ့ပေ။ ဒါပေမယ့် အခုတော့မထင်ထားသည့်အရာမှာ Hyungက အတိတ်မမေ့ခဲ့ဘူးတဲ့။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now