*3*

1.3K 236 41
                                    

(Unicode)

ဆေးရုံကုတင်ထက်အနည်းငယ်လှုပ်ရှားလာပါသောလက်ချောင်းအချို့။အမှောင်ထုနှင့်အသားကျနေပြီဖြစ်သော မျက်လုံးတို့သည်အလင်းရောင်စူးစူးကိုခံနိုင်ရည်မရှိပေ။ထို့ကြောင့် မှိတ်ချထားသောမျက်ဝန်းတို့အား ဖြည်းညင်းစွာဖွင့်လိုက်တော့ တွေ့လိုက်ရသည်က အဖြူရောင်ဆေးရုံမျက်နှာကျက်။

တစ်ဆက်တည်းရရှိခဲ့သည်က နှာထိပ်ဖျားသို့တိုးဝင်လာသောဆေးနံ့များ။

"ဆရာမ''

သူ့ခေါ်သံကြောင့်ဘေးတွင်အလုပ်ရှုပ်နေသော nurseမ လေးမှလှညျ့ကွညျ့ခဲ့တော့အံ့သွသှားသယောငျ။

"ရှင်သတိရလာပြီလား''

__________________________________

ဂျီမင်းအစည်းအဝေးခန်းထဲမှထွက်လာကာ ရုံးခန်းထဲသို့ရောက်သည်နှင့် အကျီ၏အပေါ်ကြယ်သီးတစ်လုံးအားဖြုတ်၍ နက်ကတိုင်ကိုဆခပ်လျော့လျော့ဖြည်ချလိုက်ကာ မျက်လုံးများမှိတ်လျက်ထိုင်ခုံပေါ်မှီချလိုက်သည်။

လေပူတို့အားတစ်ချက်မှုတ်ထုတ်လိုက်ကာ မျက်လုံးတို့ပြန်လည်းပွင့်လာလျက် သူ၏အကြည့်တို့က အလုပ်စားပွဲပေါ်ရှိ သူ၏ဘွဲ့ဓာတ်ပုံလေးထံသို့ပုံကျသွားတော့သည်။

ဂျီမင်းထိုဓာတ်ပုံမှန်ဘောင်လေးကိုကိုင်ကာ...

"ဒီဓာတ်ပုံကတကယ်တော့မပြည့်စုံဘူး...အမှန်ဆိုဘွဲ့ရလို့ပျော်ရွှင်နေတဲ့ကျနော့်ဘေးနားမှာ ဂုဏ်ယူပေးမယ့်ခင်ဗျားရှိနေသင့်တယ်မလား ယွန်းဂီ''

တကယ်ဆို အဲ့နေ့...သူဘွဲ့ယူသည့်နေ့ဖြစ်သည်။ တခြားသူများမှာ သူတို့မိသားစု၊လက်တွဲဖော်အသီးသီးနှင့်ပျော်ရွင်စွာဓာတ်ပုံရိုက်နေကြချိန်၊ သူတို့ကိုဂုဏ်ယူပေးနေကြတဲ့မိသားစုတွေ။ ဘယ်လောက်ပျော်စရာကောင်းပါဘိ။သို့ပေမယ့်သူကတော့...

ထိုနေ့က သူ့ကိုဂုဏ်ယူပေးမည့်သူလည်းမရှိခဲ့ပါ။ ဓာတ်ပုံကိုလည်းတစ်ယောက်တည်းသာရိုက်ခဲ့ရသည်။ တကယ်ဆိုအဲ့အဖြစ်အပျက်ကြီးသာမဖြစ်ခဲ့ရင် အဲ့နေ့က ကျနော့်ဘေးမှာခင်ဗျားရှိနေခဲ့မှာဘဲ ယွန်းဂီ။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now