*14*

1K 170 36
                                    

(Unicode)

ပုစွန်ဆီရောင်သမ်းနေသောကောင်းကင်ကြီး၊ ပင်လယ်လှိူင်းတို့ရဲ့ပုတ်ခတ်သံက အလွန်ကိုနားဝင်ချိုလှတယ်။ နေမင်းကြီးက ပင်လယ်ကြီးရဲ့အနောက်ဘက်သို့တိုးဝင်ကာကွယ်ပျောက်တော့မည်ဆဲဆဲ။ ညနေဘက် ကမ်းခြေတွင်လမ်းလျှောက်ထွက်နေကြသောလူတစ်ချို့လည်းရှိသလို၊ရေကစားနေကြသောလူတစ်ချို့လည်းရှိပါသေးသည်။

သူတို့နှစ်ယောက်ကတော့ သဲသောင်ပြင်မှာပင် နှစ်ယောက်အတူထိုင်ကာနေဝင်ဆည်းဆာအချိန်ကိုလှပစွာကြည့်နေကြသည်။

"ကောင်းကင်ကြီးကသိပ်လှတယ်နော် ပင်လယ်ကြီးနဲ့ဆိုတော့ပြည့်စုံနေရောဘဲ"

ယွန်းဂီကထိုသို့ပြောလိုက်တော့ဂျီမင်းက သူ့ဘက်အားလှည့်ကြည့်လာကာ...

"ကောင်းကင်ကြီးကဟျောင်းဆိုပင်လယ်ကြီးက ကျနော်လေ"

ဂျီမင်းက မျက်လုံးလေးတစ်ဖက်ပင့်ကာပြောလိုက်တော့

"ဒီကလေးတော့ကွာ...လူကိုရင်မခုန်ခုန်အောင်လာလုပ်နေတယ်"

"ဟီး ဒါမယ့်ချစ်တယ်မလား"

"ချစ်တာပေါ့အများကြီး"

"ကျနော်လည်း ဟျောင်းကိုချစ်တယ်"ဟုဆိုတာ ယွန်းဂီရဲ့ပုခုံးပေါ်ခေါင်းလေးတင်ကာမျက်လုံးလေးတစ်ခဏမှိတ်လိုက်သည်။

"အာ..ဘေဘီ ဟျောင်းမေ့နေတာ ဟိုတယ်အခန်းထဲမှာဖုန်းမေ့ကျန်ခဲ့တာသွားယူလိုက်ဦးမယ်နော် ဒီမှာစောင့်နေလို့ရတယ်မလား"

ယွန်းဂီရဲ့အသံကြားတော့ပုခုံးပေါ်မှေးနေရာမှမျက်လုံးလေးတွေပွင့်လာကာ

"စောင့်နေမယ်အမြန်ပြန်လာခဲ့နော် ကျနော်တစ်ယောက်တည်းဒီမှာ"

"အင်းပါ ကိုယ်ပြန်လာခဲ့မယ်ဘယ်မှမသွားနဲ့နော်"

"အင်း.."

ယွန်းဂီလည်းထသွားပြီး ဂျီမင်းလည်း ပင်လယ်ကြီးကိုအဝကြည့်ကာ ပင်လယ်လေကိုတစ်ဝကြီးရှူရှိုက်လိုက်မိသည်။

အခုချိန်မှာသူစိုးရိမ်မိသည်က ဆွန်းဂျယ်ဟီးပက်သက်လာမှာကိုပင်။ အရင်ကတည်းက ဆောင်အွန်းဂျီကြောင့်သူတို့ပြသနာတွေတက်ခဲ့ရပြီးပြီ။အခုသူမ မရှိတော့တဲ့အချိန် သူတို့နှစ်​ယောက်အဆင်ပြေခါစအချိန်လေးမှာဆွန်းဂျယ်ဟီး​ကြောင့်ပြန်ပြီးပြသနာမတက်ချင်ပါ။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now