// This part include a little Warning. So do not read to those who do not want to read.//
(Unicode)
ရေချိုးပြီးခါစ တဘက်တစ်ထည်ကိုခါးတွင်ပတ်ကာ ရေစိုနေသောခေါင်းကိုသုတ်လျက်ရေချိုးခန်းထဲမှထွက်လာသောယွန်းဂီ။
ဂျီမင်းကတော့ နွားနို့ခွက်လေးကိုကိုင်ကာ အခန်းထဲသို့ဝင်လာစဥ် ယွန်းဂီကိုတွေ့လိုက်ရစဥ် ပါးပြင်လေးတွေရှက်သွေးကြွယ်ကာ ဂယောင်ဂတမ်းပင် လက်ထဲမှနွားနို့ခွက်အားစားပွဲပေါ်တင်လိုက်မိသည်။
"ဟျောင်းအတွက်ညအိပ်ဝတ်စုံထုတ်ထားပေးမယ်နော်"
ခါတိုင်းလည်းယွန်းဂီရဲ့အပေါ်ပိုင်းကိုမြင်နေကျဟာကိုဒီနေ့မှသူ့ရင်တွေအဆက်မပြတ်ခုန်နေတာဘာဖြစ်နေမှန်းမသိပေ။ မဂ်လာဦးညမလို့စိတ်လှုပ်ရှာနေတာမျိုးလား...။
Arr...ပတ်ခ်ဂျီမင်းရေ မင်းဘာတွေတွေးနေတာလဲ ရှက်စရာကြီး။
"ဘေဘီ..."
ထိုအသံကြောင့် ဗီရိုထဲမှအဝတ်ထုတ်နေသောဂျီမင်းရဲ့လက်လေးများရပ်တန့်သွားရသည်။ ခါးသို့လာထိတွေ့ကာ အနောက်ဘက်မှသိမ်းကျုံးဖက်ထားသောယွန်းဂီရင်ခွင်ထဲသို့သူခန္ဓာကိုယ်တစ်ခုလုံးဝင်နေတော့သည်။
"ဟျောင်း...ဘာ..ဘာလုပ်တာတုန်း အအေးမိကုန်တော့မယ်...အဝတ်..ထုတ်နေတာကို"
ဂျီမင်းခမျာရင်တွေခုန်လွန်းလို့စကားတွေပင်အထစ်ထစ်အငေါ့ငေါ့။
"မထုတ်နဲ့တော့အဲ့အကျီကို"
"ဟင် ဘာလို့တုန်း"
"ခဏနေလည်းအကျီတွေချွတ်ရမယ့်ဟာကို"
ထိုစကားလေးအား သူ့နားနားသို့ကပ်ကာတိုးတိုးလေးဆိုပြီးနားရွက်ထိပ်လေးအားသွားဘေးဖြင့်ဖွဖွလေးကိုက်လိုက်သောကြောင့်ဂျီမင်းကိုယ်လေးတစ်ချက်တုန်တက်သွားရသည်။
"ဟျောင်း...ဘာတွေပြောနေတာတုန်း ဖယ်ပါ မနက်ကျရင်companyသွားရမှာမလာ"
"မဖယ်ဘူး ပြော...ကုတင်ပေါ်ကနှင်းဆီပန်းတွေက ဘေဘီပြင်ဆင်ထားတာမလား"
ထိုအခါမှဂျီမင်းမျက်နှာကြီးထားစရာမရှိဘဲ ပူထူလာကာ ဘာစကားမှထွက်မလာတော့ပေ။
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔