(Unicode)
ခြောက်သွေ့နေတဲ့ကိုယ့်ရဲ့ကမ္ဘာကြီးကို မင်းရဲ့အချစ်တွေနဲ့စိုစွတ်အောင်လုပ်ပေးလှည့်ပါ။
နဂါးငွေ့တန်းရဲ့ကြယ်စဥ်တွေနဲ့အတူတစ်ယောက်သောသူကိုသိပ်ချစ်တယ်လို့ပြောပါရစေ။
ညကောင်းကင်မှာထိန်ထိန်သာနေတဲ့လမင်းကြီးကို ကျနော်တို့ကလေးငယ်ငယ်ဘဝတုန်းက ဖိုးလမင်းကိုကြီးကိုလိုချင်တယ်၊ယူပေးပါလို့လူကြီးကိုပူဆာခဲ့ဖူးတယ်။
ညတိုင်း ကောင်းကင်ပေါ်ထိန်ထိန်သာနေတဲ့လမင်းကြီးကိုကြည့်ပြီးအမြဲပိုင်ဆိုင်ချင်ခဲ့တယ်။ကျနော်တို့အသက်တွေကြီးလာတာနှင့်အမျှ၊ ရင့်ကျက်လာတာနဲ့အတူ အဲ့ဒီလိုအင်ဟာမဖြစ်နိုင်မှန်းသိခဲ့ရတယ်။
လုပ်ခဲ့ဖူးတာပေါ့ အရပ်မမှီတမှီပုပုလေးနဲ့ ခုံပုလေးပေါ်တက်ပြီး ထိန်ထိန်သာနေတဲ့ဖိုးလမင်းကြီးကိုယူခဲ့ဖူးတာပေါ့။
ကြယ်လေးတွေကိုလည်းဖမ်းဆုပ်ချင်ခဲ့ဖူးတာပေါ့။
ဒီလိုနဲ့အချိန်တွေကုန်တာမြန်လွန်းတယ်။ကျနော်တို့တဖြည်းဖြည်းအသက်တွေကြီးလာခဲ့ကြတယ်။ ငယ်စဥ်အခါလုပ်ခဲ့ဖူးတဲလုပ်ရပ်တွေ၊အတိတ်တွေကိုပြန်စဥ်းစားမိတဲ့အခါခပ်သဲ့သဲ့ရီမိကြတယ်။ အပြစ်ကင်းဖြူစင်လွန်းတဲ့အလိမ်အညာတွေမရှိ၊အပူအပင်တွေမရှိခဲ့တဲ့ငယ်ဘဝကို ကျနော်တို့တွေပြန်လွမ်းဆွတ်ကြတယ်၊ ပြန်လိုချင်ခဲ့ကြတယ်။ ဒါပေမယ့် ဒါဟာစိတ်ကူးသက်သက်၊အတွေးတစ်ခုခုသာသာ။
ငယ်ငယ်တုန်းက ပိုင်ဆိုင်ချင်ခဲ့တဲ့လမင်းကြီးကိုဘယ်တော့မှမပိုင်ဆိုင်ခဲ့ဘူးလို့ထင်မိခဲ့တဲ့ကျနော်၊ လမင်းကြီးကိုဆုံးရှုံးလိုက်ရပြီလို့ထင်ခဲ့တဲ့ကျနော်ဟာ အခုချိန်မှာ အဲ့လမင်းကြီးကို ကျနော်ဘယ်တော့မှအဆုံးရှုံးခံတော့မှာမဟုတ်ဘူး။
ညကောင်းကင်ကြီးမှာ လမင်းနဲ့ကြယ်လေးတွေဟာ ပနံသင့်စွာရှိမှသင့်တယ်မှာ။
လမင်းမရှိရင်မပြည့်စုံသလို၊ကြယ်လေးတွေမရှိရင်လည်းမသင့်တကယ်ဘူး။ ဒါဆို မင်ယွန်းဂီ ခင်ဗျားက လမင်းကြီး၊ကျနော်
ပတ်ခ်ဂျီမင်းက ကြယ်လေး။ ဒါကြောင့် ညကောင်းကင်ကြီးမှာကျနော်တို့၂ယောက်အတူလင်းလက်ကြမယ်လေနော်။
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔