*19*

958 159 44
                                    

(Unicode)

"ခရီးသွားမယ်ဆိုတော့ ကျန်းမာရေးဂရုစိုက်နော် ဒယ်ဂူးမှာမတည့်တာတွေလည်းလျှောက်မစားနဲ့ဦး အခုတလောမိုးအေးတယ်ဟိုတယ်မှာရေချိုးရင်အမြန်ချိုးနော်၊ ပြီးတော့မိုးတွေကရွာထားတော့လေ အဝေးပြေးလမ်းမှာလမ်းတွေချောနေမှာ ဂရုစိုက်မောင်းနော်"

ဂျီမင်းမှာစူထွက်ခါစဖြစ်နေသည့်ဗိုက်လေးကိုဖုံးထားရန်ဗိုက်ဖုံးအကျီအသေးလေးအားဝတ်ဆင်ထားသောချစ်ယောကျာ်းလေး။ မသွားမဖြစ်သွားရမည့်ခရီးမို့ချစ်ယောကျာ်းဗိုက်ပူလေးကိုစိတ်မချသော်လည်းသွားရပေဦးမည်။

ထိုဗိုက်ပူလေးကတော့ သူ့အားအမှာစတမ်းတွေခြွေချလို့မပြီးနိုင်ဘဲ ဆောင့်ဆောင့်အောင့်အောင့်ပင်ခရီးဆောင်အိတ်လေးထဲသို့ဗီရိုထဲမှအဝတ်များထည့်ပေးနေသည်။

ယွန်းဂီမှာ သူ့ရှေ့ပင်ဗိုက်ဖုံးအကျီလေးနှင့်သူ့အားအမှာစတမ်းခြွေလို့မပြီးနိုင်တော့သောချစ်ယောကျာ်းလေးအားကြည့်ကာလက်ထဲမှဖုန်းကိုချပြီးအနားကိုသွား၍အနောက်မှသိုင်းဖက်လိုက်လေသည်။

"ဖယ်ပါ လွှတ်"

ဂျီမင်းမှာတံတောင်ဆစ်လေးနှင့်ယွန်းဂီအားတွန်းကာပြောနေပါသော်လည်းပိုလိုပင်အနောက်မှတိုးဖက်လာသောသူ့ချစ်လင်။

"ခရီးသွားရမှာကွာ ဖြစ်နိုင်ရင်ဘေဘီ့ကိုပါခေါ်သွားချင်တာ ဒါပေမယ့်ဘေဘီ့မှာက ကိုယ်ဝန်ကြီးနဲ့ဆိုတော့မဖြစ်နိုင်ဘူးလေ"

ထိုအခါဂျီမင်းမှာမရုန်းတော့ဘဲ ဖက်ထားသောယွန်းဂီလက်အားလွှတ်လိုက်ကာ တစ်ဖက်သို့ပြန်လှည့်လိုက်ပြီးယွန်းဂီပါးလေးကိုသူ့လက်လေးများဖြင့်အုပ်ကိုင်လိုက်လေသည်။

"အဲ့ဒါကြောင့်အစစအရာရာဂရုစိုက်နော် ဘယ်နှရက်ကြာမှာလဲ"

"စိတ်ချပါသိပ်မကြာပါဘူး နှစ်ရက်လောက်ပါဘဲ"

"စိတ်ချမယ်နော် ကားတွေရောအကုန်စစ်ပြီးပြီလား"

"အွန်း စစ်ပြီးပြီ ဘာမှမပူနဲ့"

"ဟိုရောက်ရင် ရောက်ရောက်ချင်းရေမချိုးနဲနော် ခဏလောက်အိပ်လိုက်ဦးပြီးမှရေချိုး တစ်ယောက်တည်းဖျားနေလိမ့်မယ်"

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now