(Unicode)
"ဟျောင်း ပုခက်လေးထဲကိုဒီလိုလေးတွေထည့်လိုက်တာလှတယ်မလား"
အိမ်ပြန်ရောက်ကတည်းက မနားဘဲဝယ်လာသည့်ကလေးပစ္စည်းတွေကိုနေရာချနေပါသောဂျီမင်းနီးရယ်ပါ။ အခုလည်း ပုခက်လေးကိုပြင်ဆင်ပြီးတော့အထဲမှာအိပ်ရာခင်းလေးခင်းကာ ခေါင်းအုံး၊ ဖက်လုံး၊စောင်၊အရုပ်သေးသေးလေးတွေကအစအလှဆင်နေသောဂျီမင်း။ ဒါတွေကိုကြည့်လိုက်သည်နှင့်ထိုကလေးလေးအား ဂျီမင်းဘယ်လောက်ချစ်လဲဆိုတာသိသာလှသည်။
သူ့အတိုင်းဘဲယွန်းဂီလည်းသူ့သွေးသားမို့ဗိုက်ထဲမှာရှိစဥ်ကပင် အကဲပိုနေရပါသည်။ယွန်းဂီ ရေချိုးပြီးခါကာစရေချိုးခန်းထဲကထွက်လာတော့ကလေးပုခက်လေးအားပြင်ဆင်ပြီးသောကြောင့်မေးလာသောသူ့ဗိုက်ကြီးသည်လေး။
သူလည်းရေစိုနေသောခေါင်းကိုသုတ်လိုက်ရင်းဂျီမင်းအနားသွားကာ ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်သည်။
"မွေးဖို့ကဖြင့်အဝေးကြီးလိုသေးတာကို"
သူအဲ့လိုပြောလိုက်တော့ဒိုင်းခနဲဆိုပြီးရောက်ချလာသောမျက်စောင်းလှလှလေး။ သူ့ရင်ထဲစွဲလန်းမိသောအရာလေး။
"အဲ့ဒါတော့အဲ့ဒါပေါ့ ဒါပေမယ့်ပုံဖော်ကြည့်တာလေ"
ဗိုက်လုံးလုံးလေးအပေါ်အားလက်လေးဖြင့်ပွတ်ကာပြောလိုက်တော့ယွန်းဂီတစ်ချက်ရီလိုက်ကာဂျီမင်းရဲ့ဆံနွယ်အုပ်အုပ်လေးအားလက်ချောင်းတို့ဖြင့်ထိုးဖွလိုက်သည်။
ယွန်းဂီလည်းပုခက်လေးအားကြည့်လိုက်တော့ ကလေးအသုံးအဆောင်ပစ္စည်းလေးတွေကအစီအရင်။ အရုပ်လေးတွေကအစချစ်စရာ။ မွေးလာမည့်ကလေးကတော့တကယ့်ကိုကံကောင်းမှာပင်။ သူဌေးသားလေးဖြစ်ရုံမက မိဘနှစ်ပါးကပါသဲသဲတုန်အောင်အချစ်ခံရမည့်ကလေးလေး။
"ရောက်ကတည်းက မနားဘဲဒါတွေထိုင်လုပ်နေတာမောရောပေါ့ ရေသွားချိုးလိုက်ဦးလေ"
"အင်း ရေချိုးခန်းထဲမှာဆပ်ပြာတုံးတွေဘာတွေမကျန်ခဲ့ပါဘူးနော်"
"စိတ်ချ ကိုကိုယ်တိုင်စင်ပေါ်တင်ထားခဲ့တယ်ကြမ်းပြင်တွေရောအကုန်ဘာမှမရှိအောင်တစ်ခါတည်းလုပ်ပေးခဲ့တယ်"
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔