*9*

1.2K 208 37
                                    

(Unicode)

မနက်ခင်းနေရောင်ခြည်ဟာအခန်းတွင်းသို့ဖြာကျလျက်...ကျေးငှက်တို့ရဲ့အော်မြည်သံနဲ့ သာယာတဲ့မနက်ခင်းကိုအစပြုလို့။
နေရောင်ခြည်အချို့ဟာ ယွန်းဂီမျက်နှာပေါ်သို့တစ်စွန်းတစ်စဖြာကျလာချိန်...

"အွန်း..."

ယွန်းဂီတစ်ချက်ညီးလိုက်ကာ မျက်လုံးကိုပွတ်ကြည့်ပြီးဘေးဘက်ကိုကြည့်လိုက်တော့
အပြစ်ကင်းစင်စွာအိပ်ပျော်နေတဲ့သူ့ရဲ့ကလေးလေး။

ဂျီမင်းဟာသူ့ company ကြီးကိုဦးစီးပေးနေသူလို့သူများကိုပြောရင်တောင်ယုံကြမှာမဟုတ်ဘူး။ ဘာလို့လဲဆို ဂျီမင်းနီးလေးဟာ ယောကျာ်းလေးဖြစ်ပါလျက်နဲ့ သိပ်ကိုလှပသည်။ ပါးဖောင်းဖောင်းလေးတွေက ဆန်မုန့်လုံးလေးနဲ့တူလှသည်။ နှုတ်ခမ်းဖူးဖူးလေးက နှင်းဆီဖူးလေးသဖွယ်ရဲရဲတောက်လျက်။ လက်လေးတွေဟာလည်းကလေးလေးလိုချစ်စရာလေးပင်။ ပြုံးရယ်လို​က်ရင်ပေါ်လာတတ်တဲ့သွားလေးတွေဟာလည်းတကယ့်ကိုလှပလွန်းသည်။ ရယ်လိုက်တဲ့အခါမှိတ်ကျသွားတဲ့မျက်လုံးလေးကိုသူသဘောကျလွန်းသည်။

ဒီလိုချစ်စရာကောင်းလွန်းတဲ့သူ့ရဲ့အသေးလေးကိုသူမှအသဲမယားရင်ဘယ်သူက အသဲယားမတုန်း။

ဒီလိုချစ်စရာကောင်းလွန်းတဲ့သူ့ရဲ့အသေးလေးကိုသူမှအသဲမယားရင်ဘယ်သူက အသဲယားမတုန်း။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(ချစ်စရာလေးဗျာ💛)

ယွန်းဂီ သူ့ကလေးလေးအားစိုက်ကြည့်နေတုန်း

"Hyung နိုးနေပြီလား ကျနော့်မျက်နှာမှာဘာပေနေလို့လဲ"

အိပ်ချင်မူးတူးလေးနှင့်မျက်လုံးလေးကိုပွတ်ကာ​ပြောလိုက်တော့ သူချစ်ရသည့်hyungက သူ့ငွေရောင်ဆံနွယ်လေးများအား ညင်သာစွာလှန်ပေးလိုက်ပြီးထွက်ပေါ်လာသော နဖူးလုံးလုံးလေးအား နှုတ်ခမ်းလေးနှင့်အသာထိကပ်ကာ ချိုမြိန်သောအနမ်းတစ်ခုကိုပေးလိုက်သည်။

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now