(Unicode)
"နောက်သုံးရက်လောက်ဆိုပတ်တီးဖြည်လို့ရပြီ..."
ဂျီမင်းတစ်ယောက် ယွန်းဂီရဲ့ခြေထောက်အားဆေးလိမ်းပေးပြီးပတ်တီးစီးပေးရင်းပြောလိုက်သည်။
"ခြေထောက်ကပြန်ကောင်းလာပါပြီ...ဟိုနေ့က ခြေခေါက်ပြီးလဲထားလို့သာ"
ယွန်းဂီအဲ့လိုပြောလိုက်တော့ သက်ပြင်းတစ်ချက်ချလိုက်သူကဂျီမင်းရယ်။ ကုတင်ပေါ်ရှိယွန်းဂီဘေးနားဝင်ထိုင်လိုက်ပြီး သူ့လက်လေးကိုယူကာပါးတွင်ကပ်လိုက်ပြီး...
"ဂရုစိုက်ပါလို့ပြောနေတာကို အဲ့နေ့က ဘေဘီဘယ်လောက်စိတ်ပူသွားရလဲသိလား"
ဂျီမင်းထိုသို့ပြောတော့တစ်ချက်ပြုံးမိသူက ယွန်းဂီ။
"မတော်တဆမလို့ပါ... ဆွန်းဂျယ်ဟီးကလည်း မီးဖိုချောင်ထဲမှာကူလုပ်ပေးနေတာဆိုတော့အားနာလို့လေ"
"ကျစ်! ဟျောင်းကလေအဲ့ဒါတွေဘဲခက်တာ ဘယ်တော့မှကျနော့်စကားနားမထောင်ဘူး"
"ဘေဘီကလည်းကွာ..."
"ဘေဘီကလည်းကွာ လုပ်မနေနဲ့ ခြေထောက်ကအခုဆေးစည်းထားတယ်နောက်သုံးရက်နေရင် ဖြည်မယ် အခုတော့အိပ်တော့"
"အင်း ဘေဘီနဲ့အတူအိပ်မှာ"
ဂျီမင်းကတော့ ပိုလိုက်တာဆိုသောမျက်နှာဘေးလေးနဲ့သူ့ကိုမျက်စောင်းထိုးရင်းနဲ့သာ။
"ဟုတ်ပါပြီ ဟျောင်းအရင်အိပ်လိုက်တော့ ကျနော်လက်သွားဆေးလိုက်အုံးမယ် ဒီမှာဆေးတွေနဲ့"
ဂျီမင်းက လက်ဝါးကိုဖြန့်ကာပြောလိုက်သည်။
"အင်း"
မကြာပါ ခဏနေတော့ ယွန်းဂီအားစောင်ခြုံပေးပြီး ဂျီမင်းလည်းရေချိုးခန်းထဲတွင်လက်သွားဆေးတော့သည်။ ခဏကြာတော့ ဂျီမင်းလည်း ယွန်းဂီဘေးနားဝင်လှဲလိုက်ကာ ဘေးနားမီးအိမ်လေးလည်း ချောက်ခနဲဆိုသည့်အသံနှင့်အတူပိတ်သွားပြီး အခန်းအတွင်းရှိကုတင်ထက်တွင် ဂျီမင်းအားရင်ခွင်ထဲထည့်ပြီးအိပ်နေသောယွန်းဂီရယ်၊ ယွန်းဂီရင်ခွင်ထဲ မှေးစက်နေသောဂျီမင်းရယ်။
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔