*18*

1.1K 168 37
                                    

(Unicode)

ယနေ့ရာသီဥတုကအေးစက်စက်နှင့် ညကမိုးရွာထားသည်မို့ပတ်ဝန်းကျင်မှာစိုထိုင်းထိုင်းဖြစ်လျက်ရှိနေသည်။အပြင်တွင်လည်း မိုးစက်လေးများက တဖွားဖွားကျဆင်းလျက်။ရေချိုးခန်းထဲမှရေကျသံတစ်ချို့ကိုကြားလိုက်တော့ Hyungရေချိုးနေပြီဆိုတာသူသိလိုက်သည်။ ဘာလိုလိုနဲ့ သူတို့တရားဝင်လက်ထပ်ပြီးတာတောင် 3လပြည့်ခဲ့ပြီးပြီ။ အခုဆိုသူတို့အိမ်ထောင်ရေးလေးဟာ နားလည်မှုတွေနဲ့သာသာယာယာပင်ရှိနေလေသည်။

"Hyung ရာသီဥတုအေးတယ်နော် ရေမြန်မြန်ချိုးနေမကောင်းဖြစ်နေလိမ့်မယ်"

ချလောက်!
ရေချိုးခန်းတံခါးဖွင့်သံကြား၍ ဂျီမင်းအတွေးတို့ကိုရုတ်သိမ်းကာ ယွန်းဂီထံလှည့်ကြည့်လိုက်တော့ပုံမှန်အတိုင်းတဘက်တစ်ထည်ပတ်ကာရေချိုးခန်းထဲမှထွက်လာလေသည်။

"ကိုယ့်ကိုမနက်စာစားဖို့လာခေါ်တာလားဘေဘီ"

"အွန်း ဟုတ်တယ် မနက်အစောကြီးကတည်းကဟျောင်းကြိုက်တဲ့သုံးထပ်သားကင်မ်ချီထမင်းလေးကြော်ပေးထားတယ် "

"လိမ္မာလိုက်တာကွာ ကိုယ့်အကြိုက်တွေသိနေတာဘဲ ကိုယ့်ယောကျာ်းလေးက"

ဂျီမင်းရဲ့ဆံနွယ်အုပ်အုပ်လေးများအားဖွကာ ပြောလိုက်တော့မျက်လုံးလေးတွေမှိတ်ကျသည်အထိရီလိုက်ပါသောဂျီမင်း။

"အောက်ထပ်စားပွဲဝိုင်းမှာ ကော်ဖီလည်းဖျော်ပေးထားတယ်"

ယွန်းဂီအား အကျီကြယ်သီးတပ်ပေးရင်းစကားဆိုလိုက်တော့ သူ့နဖူးပေါ်သို့ကျရောက်လာခဲ့သောအနမ်းတစ်ပွင့်။

"ဘေဘီကတကယ်တာဝန်ကျေပါတယ် ကိုယ်လည်းကိုယ့်တာဝန်ကျေပွန်အောင်ဘေဘီ့ကိုဒီထက်ပိုချစ်ပေးပါ့မယ်"

"သွားပါ အပိုတွေ "

ဂျီမင်း နှုတ်ခမ်းလေးစူပြီးမျက်စောင်းလေးထိုးကာပြောလိုက်တော့ ချက်ချင်းပင်နွေးထွေးလှသောယွန်းဂီရင်ခွင်ထဲသို့ရောက်သွားလေသည်။

"ကိုယ့်အတွက်ဘဲအမြဲတမ်းကြည့်ပေးတယ်နော်ဘေဘီက ကိုယ်ကြိုက်တာတွေဘဲအမြဲချက်ပေးတယ်တစ်ခါတစ်လေလည်းဘေဘီကြိုက်တာလေးတွေချက်စားပါဦးလား အခုတလောဘေဘီ့ကိုကြည့်ရတာဖြူဖတ်ဖြူရော်နဲ့အားမရလိုက်တာ"

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now