(Unicode)
အချိန်အားဖြင့်ညနေ၅နာရီ၊ ရုံးဆင်းချိန်မို့လူသွားလူလာမှာခါတိုင်းအချိန်တွေထက်ပိုများသည်။ ဘတ်စ်ကားမှတ်တိုင်တစ်လျှောက်၊ရထားဘူတာတစ်လျှောက် ရုံးဆင်းလာသည့်ဝန်ထမ်းအသီးသီးရယ်။
ဂျီမင်း မြို့ထဲမီးပွိုင့်တွင်မီးစိမ်းလာသည်အထိစောင့်နေမိသည်။ ကားလမ်းဖြတ်ကူးသူကကူးနှင့်မလို့ ဆိုးလ်မြို့ရဲ့ညနေခင်းအချိန်ကပြည့်စုံနေလေသည်။
မီးပွိုင့်မီးစိမ်းသည်နှင့်ဂျီမင်းကားကိုမောင်းထွက်လာကာ ပန်းဆိုင်တစ်ဆိုင်ရှေ့အရောက် ကားကိုပါကင်ထိုးလိုက်ကာ ကားထဲမှဆင်းလာ၍ပန်းဆိုင်ရှေ့ဝင်သွားသည်။
"Hyungကြိုက်တဲ့ လီလီပန်းလေးကဘယ်မှာလဲမသိဘူး"
ဂျီမင်းအမျိုးအစားစုံလင်လှသောပန်းများကြားထဲတွင် hyungကြိုက်နှစ်သက်လှသည်ဟုဆိုသော လီလီပန်းလေးကိုရှာဖွေနေမိသည်။ အကြောင်းမှာ လီလီပန်းလေးကို hyungမနမ်းရှိုက်ခွင့်ရတာ အချိန်အတော်ကြာပြီဆိုသည်ဟု ဟိုနေ့ညကပြောသောကြောင့်ပင်။
ဟောတွေ့ပါပြီ... hyungချစ်တဲ့ လီလီပန်းလေး။
"ညီမေရ အကို့ကို ဒီလီလီပန်းလေးကိုလှလှလေးစည်းပေးပါနော်"
သိပ်ကိုလှပသောလီလီပန်းလေးအားယူကာ ဆိုင်ထဲမှထွက်လာခဲ့သည်။ ကားထဲသို့အရောက် ထိုလီလီပန်းစည်းလေးအားကြည့်ပြီးတစ်ချက်ပြုံးကာ
"Hyungသဘောကျမယ်ဆိုတာကျနော်ယုံကြည်တယ်"
ပန်းစည်းလေးအားတစ်ချက်နမ်းလိုက်ကာ ဘေးထိုင်ခုံတွင်ထားပြီး ခါးပတ္ပတ္ကာ မင်အိမ်တော်သို့တည့်တည့်မတ်မတ်သူပြန်လာခဲ့တော့သည်။
________________________
အခန်းထဲတွင် ဝှီးချဲပေါ်မှာထိုင်ပြီးစားပွဲပေါ်ရှိ ဂျီမင်း၏ဘွဲ့ဓာတ်ပုံမှန်ဘောင်လေးအားကိုင်ကာ သူကြည့်ပြီးပြုံးနေမိသည်။
တကယ်ဆိုဒီဓာတ်ပုံဟာမပြည့်စုံခဲ့ဘူး။ ဘွဲ့ဝတ်စုံနဲ့ခန့်ညားစွာရှိနေမယ့်ဘေဘီ့ရဲ့ဘေး သူရှိနေခဲ့သင့်သည်။ ဓာတ်ပုံထဲမှာတွေ့နေရတဲ့ မပြုံးမရယ်မျက်နှာထားနဲ့ဘေဘီ့ပုံကိုတွေ့လိုက်ကတည်းက သူသဘောပေါက်ခဲ့သည်။
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔