*11*

1.1K 202 31
                                    

(Unicode)

"ရပြီ ဂျီမင်း noonaကိုဒီမှာဘဲချပေးလိုက်တော့နော်"

သူမပြောလိုက်သည်နှင့်ကားကိုချက်ချင်းဘရိတ်အုပ်လိုက်မိသည်။

"ဘာလို့လဲ Noona အိမ်ရှေ့ထိရောက်အောင်လိုက်ပို့ပေးမယ်လေ"

"ရပါတယ် လမ်းထိပ်မှာဘဲရပ်လိုက်ပါ noonaလမ်းလျှောက်သွားလို့အဆင်ပြေတယ်"

"အင်း ဒါဆိုတာ့တာနော် ဒီအတောအတွင်းကျေးဇူးအများကြီးတင်ပါတယ် noona"

ဂျီမင်းကထိုသို့ပြောတော့ သူမကပြုံးလိုက်ကာ...

"ရပါတယ် အော်ဒါနဲ့လေ..."

သူမက ခါးပတ်ကိုဖြုတ်ပြီးကားတံခါးကိုဖွင့်မည်ပြုစဥ် စကားမကုန်သေးဟန်...။

"ယွန်းဂီကိုဂရုစိုက်ပေးပါနော်"

ထိုစကားကြောင့် ဂျီမင်းရဲ့မျက်ခုံးတန်းတို့ကျုံ့ခနဲ ဖြစ်သွားရသည်။

"စိတ်ချပါ"

"ယွန်းဂီစိတ်ချမ်းသာရင်ရပါပြီ ဒါဆို noonaသွားတော့မယ်နော်"

"ဟုတ် noona"

သူမကတော့ အနောက်ခန်းမှအထုပ်တွေကိုယူကာ လမ်းထဲသို့ဝင်သွားလေသည်။ ဂျီမင်းတစ်ယောက် ထွက်သွားသောသူမကျောပြင်ကိုကြည့်ကာ အလိုမကျမှုများဖြစ်ပေါ်လျက်။

ထိုနေ့က ဂျီမင်းရဲ့စိတ်တို့ဟာလုံးဝမလန်းဆန်းခဲ့ပါ။ ဒါကြောင့် Company မှအိမ်သို့စောစောပြန်လာခဲ့သည်။

ညကောင်းကင်ယံထက်ကြယ်ရောင်စုံများကဖြိုးတိုးဖြောက်တောက်၊ လမင်းကြီးကထိန်ထိန်သာလျက်။ လူကုံတန်အသိုင်းအဝိုင်းတွေနေသည့်ရပ်ကွက်မို့ သူ့အိမ်ကိုယ့်အိမ်၊ သူ့ခြံကိုယ့်ခြံ သပ်သပ်စီ။ သူဌေးရပ်ကွက်ဖြစ်သည်မလို့ လမ်းမထက်တွင်တိတ်ဆိတ်လျက်။

ဂျီမင်းခြံထဲရှိဒန်းပေါ်တွင်ထိုင်နေကာ ဆေးလိပ်ငွေ့တို့ကိုတစ်ချက်လေထဲသို့ပင့်ထုတ်လိုက်သည်။

အဲ့နေ့မနက်...ဟုတ်တယ် အဲ့နေ့မနက်က သူရေချိုးအဝတ်လဲပြီးသွားမယ်လုပ်တော့ ကားသော့ကစားပွဲပေါ်မှာ၊ ကားသော့ကိုယူမည်အပြု လန့်ကာဖယ်ထားသောကြောင့် ပြတင်းပေါက်မှတစ်ဆင့် ခြံထဲသို့လှမ်းမြင်နေရသည်။ ကားသော့ကိုယူမည်ပြုစဥ် သူ့မျက်လုံးအစုံတို့ကခြံထဲသို့ရောက်သွားခိုက်....

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now