(Unicode)
မနက်ခင်းဖြစ်ပေလင့်ငြား ညဘက်တုန်းကအကြီးအကျယ်ရွာချထားတဲ့မိုးကြောင့်ယခုမနက်တွင်လည်းပတ်ဝန်းကျင်တွင်မိုးစက်ဖြောက်ဖြောက်တို့က ကျဆင်းနေဆဲ။ သည်းကြီးမည်းကြီးရွာနေသည်မဟုတ်ဘဲ မိုးဖွားလေတွေက ကျဆင်းနေခြင်းဖြစ်သည်။
ရာသီဥတုမှာအနည်းငယ်ချမ်းအေးသော်လည်း အခန်းထဲမှကုတင်ထက်ရှိတစ်ယောက်သောသူရဲ့ရင်ထဲမှာတော့လောင်မြိုက်နေဆဲ။ ကုတင်ထက်တွင်ပုစွန်ကွေးလေးလိုကွေးကာ အတွေးတို့ကယောက်ယက်ခတ်နေလေသည်။
ညကဟျောင်းအိမ်ကိုမပြန်လာဘူး၊ သူနဲ့ပြသနာတက်စကားများပြီးတော့အိမ်ကနေမောင်းထွက်သွားခဲ့တာ။ သူစောင့်နေခဲ့တယ် အခုချိန်မှာသူအလိုအပ်ဆုံးက ဟျောင်းရဲ့နွေးထွေးတဲ့ရင်ခွင်တစ်စုံဘဲ။
ဒါပေမယ့်ညတစ်ညလုံးဟျောင်းသူ့ဆီပြန်မလာခဲ့ဘူး၊ဘယ်တွေများသွားနေလို့လဲဟျောင်းရယ်...။ ဟျောင်းဆီကနေအလိုအပ်ဆုံးအရာလေးကိုပြောပါဆိုရင်အခုချိန်မှာ သူဟျောင်းရဲ့ရင်ခွင်ထဲမှာနေပြီးတော့သူ့ကိုအားပေးတဲ့စကားလေးတွေပြောစေချင်တာ။ ဒါပေမယ့် အခုချိန်ထိဟျောင်းသူ့အပေါ်ကိုအဲ့လိုမပြုမူခဲ့ဘူး။
အိပ်ရာနိုးလာချင်းအတွေးတို့ကပေါင်းစုံရှုပ်ယှက်ခတ်နေလေ၏။ သူ့ရင်ထဲယွန်းဂီကိုသာမျှော်လင့်နေမိခဲ့တာပါ၊ တစ်ညလုံးအိမ်ပြန်မလာခဲ့ပုံထောက်ရင်...သူ့ကွယ်ရာမှာများတခြားတစ်ယောက်နဲ့...။
ရုတ်တရက်ပင်ဂျီမင်းအိပ်ရာပေါ်လှဲနေရာမှထထိုင်လိုက်ကာ...
"ဟာ မဟုတ်လောက်ပါဘူး ဟျောင်းကငါ့ကိုသိပ်ချစ်တာ ဒီလိုလုပ်မယ့်သူမျိုးမဟုတ်ဘူးအကယ်၍ဟုတ်ခဲ့မယ်ဆိုရင်တောင်ငါ့ဘဝထဲကနေဟျောင်းကိုဆွဲထုတ်သွားမယ့်လူကိုငါသတ်မှာ"
သူလက်သီးများကိုကျစ်ကျစ်ပါအောင်ဆုပ်ကာပြောလိုက်ပြီးကုတင်ဘေးရှိစားပွဲပေါ်တွင်တင်ထားသော ယွန်းဂီနဲ့ဂျီမင်းရဲ့ဓာတ်ပုံမှန်ဘောင်လေးကိုတွေ့လိုက်ရချိန် သူ့မျက်နှာထက်အပြုံးလေးတွေဖြစ်တည်လာကာ ထိုဓာတ်ပုံမှန်ဘောင်လေးအားယူလိုက်သည်။
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔