(Unicode)
"စားလို့ကောင်းတယ်မလား"
ညစာထမင်းဝိုင်းတွင် ဂျီမင်းမှ ယွန်းဂီ၏ထမင်းပန်းကန်ထဲသို့ဟင်းများထည့်ပေးကာဆိုလေသည်။
"ကောင်းတာပေါ့ လွမ်းနေခဲ့တာဒီလက်ရာလေးကို"
"ဟင်"
ထိုစကားကြားလိုက်ရတော့ တူကိုင်ထားသောဂျီမင်းလက်များခေတ္တရပ်တန့်သွားကာ ယွန်းဂီဘက်လှည့်ကြည့်လာသည်။ ထို့အတူဆွန်းဂျယ်ဟီးပါထူးဆန်းသည့်ပုံစံနှင့်သူ့ထံကြောင်ကြည့်လာသည်။
ထိုအချိန်ယွန်းဂီ သူ့စကားမှားသွားပြီဆိုတာသိလိုက်ရပြီ။ အားလုံးထင်နေကြသည်၊သိထားသည်မှာ မင်ယွန်းဂီဟာအတိတ်မေ့နေသည်ဆိုတာကိုပင်။တကယ့်အမှန်တရားကတော့သူကိုယ်တိုင်ဘဲသိသည်။ သူ့ထံကြောင်ကြည့်နေသောဂျီမင်းအား...
"ငါပြောတာကဒီလိုလေ ငါဆေးရုံမှာအကြာကြီးနေခဲ့ရတာမလား အဲ့တော့ဒီလိုမျိုးကောင်းကောင်းမစားရတာကြာပြီလေဒါကြောင့်ဒီလိုဟင်းတွေကိုလွမ်းနေတယ်ပြောတာပါ"
ထိုအခါမှ ဂျီမင်းက စပ်ဖြီးဖြီးမျက်နှာနှင့်။
"အမလေး ကျနော်ကဘာပြောနေလို့တုန်း hyungကို"
ဂျီမင်းထိုသို့ပြောလိုက်တော့ ယွန်းဂီမှာရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။ တကယ်လည်း ဂျီမင်းကသူ့ကိုဘာမှမပြော၊ဘာမှလည်းမမေးဘဲ သူကိုယ်တိုင်ကိုက လိပ်ပြာမလုံဘဲဖြေရှင်းချက်တွေပေးနေတာလေ။
"အဲ...ဒါ..ဒါကတော့ စားပါတော့ ဟင်းတွေအေးကုန်တော့မယ်"
သူ့မှာပြန်ဖြေစရာအဖြေမရှိတော့ပစ်မှတ်ကဟင်းတွေထံထားပြီးစကားလမ်းကြောင်းလွှဲလိုက်ရသည်။ တကယ့်လူလည်ကြီးပါလေ။
"ဟုတ်ပါပြီ ဟုတ်ပါပြီ "
ထိုအခါမှသူတို့ထမင်းဝိုင်းတွင်စကားသံလေးတွေသာသာယာယာ၊ရယ်သံလေးတွေနှင့်လွှမ်းမိုးလျက်။
"ငါနိုင်ပြီကွ!!!"
အခန်းထဲတွင် ယွန်းဂီနဲ့ဂျီမင်းစစ်တုရင်ကျားကွက်ထိုးနေရာမှအသံထွက်ပေါ်လာခြင်းဖြစ်သည်။
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔