*2*

1.5K 236 30
                                    

(Unicode)

"ဘေဘီကို သိပ်ချစ်တာဘဲ...ဘေဘီ့ဘဝလေးသာယာဖို့ဆိုကိုယ်လမ်းခင်းပေးထားတယ် ကိုယ့်ကျောပေါ်ကနေဖြတ်လျှောက်သွားပါ''

"ဟုတ်တယ် ရှင်ထင်သလိုဘဲ ဒါတွေကအမှန်တွေဘဲ''

"ကျနော်နဲ့ဆောင်အွန်းဂျီဟိုတယ်ထဲအတူဝင်သွားခဲ့တာမှန်ပါတယ် ဒါပေမယ့်....''

"အရာအားလုံးအတွက်နှုတ်ဆက်ခဲ့ပါတယ် ယွန်းဂီ bye!"

နာတယ်...ဦးခေါင်းထဲကရော၊ခြေထောက်ကရော ခံစားလို့မရအောင်နာကျင်လွန်းတယ်။ နောက်ဆုံးအသိတစ်ချက်မှာ ပတ်ခ်ဂျီမင်း။

"ယွန်းဂီ!!!''

သူ့အားထွေးပွေ့လိုက်သောရင်ခွင်တစ်စုံ။
မျက်ရည်များစီးကျနေသောမျက်ဝန်းတို့အားစိုက်ကြည့်ကာ

"ငါ...မင်းကို...အရမ်း...အရမ်းမုန်းတယ်''

ရုတ်တရက်ဆေးရုံအခန်းထဲဝယ်မနက်3နာရီခွဲအချိန်လောက်ကြီး။

အသံတွေ၊ ရုတ်တရက်နှလုံးခုန်နှုန်းတွေမြန်တက်လာတဲ့နှလုံးသား။ အသက်ရှုသံတွေဒီထက်မက မြန်လာကာ ဘေးရှိနှလုံးခုန်နှုန်းပြစက်မှာ အသံမြည်လာကာ အရမ်းအရှိန်မြင့်နေသည်။

ဘေးတွင် ဆေးပုလင်းအသစ်လဲပေးနေသော nurse မလေးမှာ ရုတ်တရက်ကြီးနှလုံးခုန်နှုန်းမြင့်တက်လာကာ ရှော့ရလာသောကြောင့် သူမခမျာဆရာဝန်ကြီးဆီသို့ပြေးသွားရတော့သည်။

အဖြစ်အပျက်တွေကမရေမရာ၊အတိတ်ကိုသူပြန်မသွားချင်တော့ပါဘူး။

"လူနာကဘာဖြစ်တာလဲ!!"

"မသိဘူး doctor ကျမဆေးပုလင်းအသစ်ခဲပေးနေရာကနေရုတ်တရက်ကြီးဆိုသလိုအသက်ရှုသံတွေတအားမြန်၊နှလုံးခုန်နှုန်းတွေတအားမြန်လာတာဆရာ''

ဆရာဝန်ကြီးက ယွန်းဂီအားစမ်းသပ်နေချိန်...

"တီ~~~''

နှလုံးခုန်နှုန်းစက်တွင်​ဖြောင့်တန်းသွားသောမျဥ်းကြောင်းငယ်နှင့်ရုတ်တရက်ငြိမ်ကျသွားပါသော ခန္ဓာငယ်။

"ခွဲခန်းအသင့်ပြင်...ခွဲခန်းဝင်မှရမယ်..လူနာရှင်ကိုအကြောင်းကြား.ငါတို့ချက်ချင်းခွဲခန်းဝင်မယ်''

𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬  𝑺-2 ||𝒀𝑴|| ✔Where stories live. Discover now