(Unicode)
တီတီ!!!
ခြံရှေ့မှကားဟွန်းတီးသံကြားသောကြောင့်ခြံစောင့်ဦးလေးကြီးမှတံခါးသွားဖွင့်ပေးလိုက်သည်။
ဂျီမင်းကလည်းကားဟွန်းတီးသံကြောင့်ခြံထဲရှိဒန်းပေါ်တွင်ထိုင်ကာ ဖတ်လက်စဂျာနယ်လေးအားခေါက်ပြီးဘေးသို့ချလိုက်သည်။
ခဏကြာတော့ခြံထဲသို့ဝင်ရောက်လာတော့ယွန်းဂီရဲ့ကားမည်းလေး။အိမ်ဆင်ဝင်အောက်မှာရပ်လိုက်ပြီးနောက်ကားပေါ်မှယွန်းဂီဆင်းလာခဲ့သည်။ ဂျီမင်းလည်းယွန်းဂီဆီသို့သွားလိုက်ကာ....
"ဟျောင်း ကျနော်ကလွမ်းနေတာ"
ယွန်းဂီရဲ့ရင်ခွင်ထဲခိုဝင်မိတော့သူ့ကိုပြန်လည်ထွေးဖက်လာသောလက်တစ်စုံ။
"ကိုယ်လည်းလွမ်းနေတာပါကွာ ဟောဒီဘေဘီကြီးရောဗိုက်ထဲကဘေဘီလေးရော"
သူယွန်းဂီရင်ခွင်ထဲကထွက်လိုက်ကာ...
"ကျနော့်အတွက်ဘာလက်ဆောင်ပါလဲ"
"ပါတယ် ဘေဘီကြိုက်တတ်တဲ့နှင်းသီးတွေလေ"
နှင်းသီးဆိုတဲ့အသံကြားတော့ချက်ချင်းပြုံးရွှင်သွားတဲ့ဂျီမင်းရဲ့မျက်နှာလေး။
"ဟာ တကယ်လား ဘယ်မှာလဲ"
"ကားအနောက်ခန်းထဲမှာ ပစ္စည်းတွေချလိုက်ဦးမယ်"
"ဟုတ်"
ယွန်းဂီလည်း ပစ္စည်းတွေချပြီးအိမ်ထဲသို့ဝင်ခဲ့လေသည်။
"ကျနော်ကူသယ်ပေးမယ် ပေးပေး"
ထိုအခါသူ့ထံသို့ယွန်းဂီ၏မျက်စောင်းကဒိုင်းခနဲ။
"တော်ပါ ရတယ် ဘယ်လောက်မှလေးတာမဟုတ်ဘူး"
"ပြီးရော အဲ့ဒါဆိုနှင်းသီးတွေကိုမီးဖိုချောင်မှာရေဆေးပြီးစားလိုက်အုံးမယ်"
"စားပါဗျာ ကိုယ်က ဘေဘီချဥ်ခြင်းတက်နေမှန်းသိလို့တမင်ဝယ်လာပေးတာ"
ဂျီမင်းရဲ့ဆံပင်အုပ်အုပ်လေးအားတစ်ချက်ဖွကာပြုံးလျက်အိမ်အပေါ်ထပ်အခန်းထဲသို့ဝင်သွားလေသည်။
ဂျီမင်းကတော့ နှင်းသီးတွေအား ပန်းကန်ထဲသို့ထည့်ကာရေဆေးပြီးတစ်ကျွတ်ကျွတ်ဝါးစားနေလေရဲ့။
YOU ARE READING
𝑫 𝑬 𝑺 𝑶 𝑳 𝑨 𝑻 𝑬 𝑺-2 ||𝒀𝑴|| ✔